ရေစကြိုမြို့နယ်၊ သမန္တပို(လ)ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် အခြေချနေထိုင်လျက်ရှိသည့် PDF အကြမ်းဖက်အဖွဲ့အား လုံခြုံရေးတပ်ဖွဲ့က ရှင်းလင်းဖယ်ရှား - Myanmar National Post

Myanmar National Post

News Agency

Breaking

ရေစကြိုမြို့နယ်၊ သမန္တပို(လ)ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် အခြေချနေထိုင်လျက်ရှိသည့် PDF အကြမ်းဖက်အဖွဲ့အား လုံခြုံရေးတပ်ဖွဲ့က ရှင်းလင်းဖယ်ရှား


MNP ၊ မတ်လ ၃၁ 

ရေစကြိုမြို့နယ်၊ သမန္တပို(လ)ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် အခြေချနေထိုင်လျက်ရှိသည့် PDF အကြမ်းဖက်အဖွဲ့အား ယမန်နေ့ နံနက်ပိုင်းက လုံခြုံရေးတပ်ဖွဲ့က ရှင်းလင်းဖယ်ရှားခဲ့ရာ အကြမ်းဖက်သမား ၅ဦး အသေဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ရေစကြို့မြိုနယ်၊ သမန္တပို(လ)ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် အခြေချ နေထိုင်၍ ဒေသအတွင်း အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်နေကြောင်း နယ်မြေခံပြည်သူများ၏ သတင်းပေးချက်အရ လုံခြုံရေးအဖွဲ့ဝင်များမှ ဝင်ရောက်ရှင်းလင်းခဲ့ရာမှ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လုံခြုံရေးအဖွဲ့ဝင်များမှ ထိခိုက်မှု မရှိဘဲ PDF အကြမ်းဖက်မအဖွဲဝင်များသည် ရေစကြိုမြို့နယ်၊ သမန္တပို(တ)ကျေးရွာဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ထိတွေ့ရှင်းလင်းမှု ဖြစ်စဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် PDF အကြမ်းဖက်သမား ၅လောင်း၊ AK-47 သေနတ် (၂) လက်၊ M4သေနတ်  (၁) လက်၊ အူဇီသေနတ် (၁) လက်၊ လက်လုပ်သေနတ် (၁) လက်၊ ၅.၅၆ ကျည် (၈၃)တောင့်၊ ၇.၆၂ကျည် (၁၄၃)တောင့်၊ ၉မမကျည် (၆)တောင့်၊ AK ကျည် (၂၀)တောင့်၊ ၁၂ဗိုကျည် (၂)တောင့်၊ M4 ကျည်အိမ် (၂)ခု၊ AK ကျည်အိမ် (၂)ခု၊ အူဇီကျည်အိမ် (၁)ခု၊ လက်ကိုင်စကားပြောစက် (၃)လုံး၊ အားသွင်းခွက် (၃)ခု၊ ရီမု (၁)ခု၊ ဒီတိုနီတာ (၂)ခု၊ နိုင်လွန်ကြိုးခွေ (၂)ခွေ၊ ယမ်းကြိုး (၂)ချောင်း၊ မိုင်းမျိုးစုံ (၉)လုံး တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)