ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာန၊ ကလေးစာဖတ်ခန်း၌ ကျောင်းသားလူငယ်များကာယ၊ ဉာဏဖွံ့ဖြိုးတိုးတက်စေရေး ပြိုင်ပွဲများဆောင်ရွက်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာန၊ ကလေးစာဖတ်ခန်း၌ ကျောင်းသားလူငယ်များကာယ၊ ဉာဏဖွံ့ဖြိုးတိုးတက်စေရေး ပြိုင်ပွဲများဆောင်ရွက်ပေး



MNP ၊ မတ် ၂၄

ကရင်ပြည်နယ်၊ ဘာအံခရိုင်၊ ပိုင်ကျုံမြို့ရှိ ကျောင်းသားလူငယ်များအား နွေရာသီကျောင်း ပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရေးအတွက် ပြည်သူ့စာကြည့်တိုက်တွင် ပုံမှန်လာရောက်သည့် လူငယ်လူရွယ်များအားကာယ၊ ဉာဏဖွံ့ဖြိုးတိုးတက်စေရေး အတွက် ပြိုင်ပွဲများဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။


ပိုင်ကျုံမြို့ ပြည်သူ့စာကြည့်တိုက်တွင် ပုံမှန်လာရောက် လေ့လာကြသည့် ကျောင်းသား လူငယ်များအားပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများတို့က စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် သင်္ချာဉာဏ်စမ်းပဟေဠိပြိုင်ပွဲတို့  ဆောင်ရွက်ပေးခဲ့သည်။


ထိုပြိုင်ပွဲတွင် လာရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသားလူငယ်များအား ပျော်ရွှင်စေရေးအတွက် အမှတ်တရ လက်ဆောင်အဖြစ်ဗလာ စာအုပ်နှင့် အာဟာရမုန့်များ ကျွေးမွေးဧည့်ခံ ခဲ့ပြီး ပြိုင်ပွဲများကို အပတ်စဉ်‌ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။  


နော်ခူး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)