တောင်ကုတ်မြို့၌ လူငယ်နှင့်စီးကရက်အသိပညာပေး Talk Show ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့၌ လူငယ်နှင့်စီးကရက်အသိပညာပေး Talk Show ဆောင်ရွက်


MNP ၊ မတ်  ၁၅

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ တောင်ကုတ်မြို့နယ်ရုံး ၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ယမန်နေ့ မွန်းလွဲ ပိုင်းက လူငယ်နှင့်စီးကရက် အသိပညာပေး Talk Show ဆောင် ရွက်ခဲ့ကြောင်းသိရသည်။


ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ဦးစီးမှူး ဦးမြင့်ရွှေ က အသိပညာပေး Talk Show များဆောင်ရွက်ရသည့်အကြောင်းများဆွေးနွေးပြီး နောက် ဒုတိယဦးစီးမှူး ဒေါ်သန်းနု နှင့် အငယ်တန်းစာရေး(အင်အားပြ) ဦးငြိမ်းသူနိုင် တို့က သုတပဒေသာနှင့်လူငယ်ရေးရာစာစောင်အတွဲ(၄၉) ၊ အမှတ်(၁၂)တွင်ပါရှိသည့် စာရေးဆရာ ဆန်းသစ်အောင် (မဟာဝိဇ္ဇာ- အင်္ဂလိပ်ဘာသာစကား)ရေးသားသည့် လူငယ်နှင့်စီးကရက်ဆောင်းပါး မှ စိတ်ဝင်စားဖွယ်ရာများဖြစ်သည့် စီးကရက်သောက်သည့် လူငယ်များအနေ ဖြင့် ယောကျ်ားဘဝကိုဆုံးရှုံးတတ်သည့်အခြေအနေများ၊ စီးကရက်သောက်သည့် မိခင်လောင်းများအနေဖြင့် လမစေ့ပဲကလေးမွေးဖွားနိုင်သည့်အပြင် ပေါင်မပြည့်တတ်သည့်အခြေအနေများ၊လူပျော်ဖော် ၊ အပျိုဖော် ဝင်စအရွယ်များ တွင် စီးကရက်သောက်ပါက စိတ်ကျရောဂါရရှိတတ်သည့်အခြေအနေများ နှင့် နှလုံးရောဂါ ၊ လေဖြတ်ရောဂါ နှင့်ကင်ဆာ၊သွေးတိုးစသည့် ရောဂါများ ဖြစ်တတ်သည့်ဆိုးကျိုးများကို ဆွေးနွေးကြသည်။


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ တောင်ကုတ်မြို့နယ်ရုံးသည် အများပြည်သူများ အသိ ပညာဗဟုသုတများရရှိစေရန်အတွက် လူထုဆက်သွယ်ရေးနည်းလမ်းများကို အသုံးပြုလျက် အသိပညာပေး လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)