နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ်နှင့် ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (B.E FALLS)သို့ သွားရောက် ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ်နှင့် ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (B.E FALLS)သို့ သွားရောက် ကြည့်ရှုစစ်ဆေး
















MNP ၊ ဧပြီ ၁၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နေ့က မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ဒုတိယ ဗိုလ်ချုပ်ကြီး ဆန်းဦး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ မန္တလေး မြို့တော်ဝန် ဦးကျော်ဆန်းနှင့် တာဝန်ရှိသူများလိုက်ပါ၍ ပြင်ဦးလွင်မြို့ရှိ အမျိုးသား ကန်တော်ကြီးဥယျာဉ်ထိန်းသိမ်းဆောင်ရွက်ထားရှိမှု အခြေအနေများကိုသွားရောက် ကြည့်ရှု စစ်ဆေးသည်။


ဦးစွာ ဥယျာဉ်ရှင်းလင်းဆောင်ခန်းမတွင် ဥယျာဉ်မှတာဝန်ရှိသူများက အမျိုးသား ကန်တော်ကြီးဥယျာဉ်ဆိုင်ရာ အချက်အလက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် လိုအပ်သည့် မွမ်းမံပြင်ဆင် မှုများပြုလုပ်ခြင်း၊ ရေလမ်းကြောင်းထိန်းသိမ်းမှုများ ဆောင်ရွက်ခဲ့ခြင်းကြောင့် ကန်တော် ကြီးအတွင်းသို့ ရေဝင်ပေါက်များမှရေများ ပြန်လည်စီးဝင်လျက်ရှိမှု အခြေအနေများ၊ ဥယျာဉ်အတွင်းဒေသပန်းမျိုး စိုက်ကွက်များထားရှိမှု၊ ဒေသပန်းမျိုးများ သုတေသန စင်တာတည်ဆောက်၍ ဒေသပန်းမျိုးများကို စမ်းသပ်သုတေသနပြုလုပ်နေမှု၊ အမျိုးသားကန်တော်ကြီးဥယျာဉ် အတွင်း ရေဝင်ရောက်မှုနှင့် ရေဝင်ပေါက်များ ပုံမှန်သန့်ရှင်းရေးဆောင်ရွက်နေမှု၊ သင်္ကြန်ကာလအတွင်း ပြည်သူများလာရောက် အပန်းဖြေမှုနှင့် နှစ်စဉ်ကျင်းပပြုလုပ်သည့် ပန်းပွဲတော်များသို့ ပြည်သူများ အပန်းဖြေ လာရောက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။


ရှင်းလင်းတင်ပြမှုများအပေါ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က မေမြို့ပန်း၊ ဂန္ဓမာပန်း၊ သစ္စာပန်း၊ ဒေလီယာပန်း စသည့်ပန်းများသည် ပြင်ဦးလွင်၏ နာမည်ကျော်လူကြိုက်များသည့် ပန်းများဖြစ်ကြောင်း၊ သဘာဝ အလျောက်ပေါက် ရောက်နေသည့် ၁၂ ရာသီပန်းများ ကိုလည်းဖွံ့ဖြိုးတိုးတက်ရေး သုတေသနပြု ဆောင်ရွက်ကြရန်လိုကြောင်း၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ များကို စနစ်တကျ သုံးစွဲရန်လိုကြောင်း၊  ဒေသမျိုးရင်းများနှင့် ပြင်ဦးလွင်၏ရာသီဥတု နှင့်ကိုက်ညီသည့် နိုင်ငံအတွင်းရှိဒေသများမှ ပန်းမျိုးများစိုက်ပျိုးမှု  တိုးတက်စေရေး ဆောင်ရွက်ကြရန် လိုကြောင်း၊ ချယ်ရီပင်များပွင့်လန်းမှု ပိုမိုကောင်းမွန်စေရေး စနစ်တကျသုတေသနပြု ဆောင်ရွက်ရန်လိုကြောင်း၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေပြီး ပန်းရနံ့များနှင့် သင်းပျံ့နေမည်ဆိုပါက ပြည်သူများစိတ်လက်ရွှင်လန်းစွာဖြင့် အပန်း ဖြေနိုင်မည်ဖြစ်သဖြင့် စနစ်တကျဆောင်ရွက်ရန်လိုကြောင်း၊ မြက်စိုက်ပျိုးရာတွင် လည်း ဘဲစားမြက်များကို ကျွမ်းကျင်သူများနှင့် ဆွေးနွေးညှိနှိုင်းပြီး စနစ်တကျ စိုက်ပျိုးရန်လိုကြောင်း၊ ကန်တော် ကြီးအတွင်းရေဝင်ရောက်မှုများ လျော့နည်းမှုမရှိ စေရေး စနစ်တကျဖြင့် ထိန်းသိမ်း ဆောင်ရွက်ကြရန်လိုကြောင်းဖြင့် အကြံပြုပြော ကြားပြီး တာဝန်ရှိသူများကို ပြင်ဦးလွင်မြို့ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးရန်လိုအပ်ချက်များကို လမ်းညွှန်မှာကြားသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လာရောက် အပန်းဖြေအနားယူနေကြသည့် ပြည်သူ များကို ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။


ယင်းနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် တာဝန်ရှိသူများအား အမျိုးသားကန်တော်ကြီး ဥယျာဉ်အတွင်း သန့်ရှင်းသာယာ လှပရေးနှင့် ကန်တော်ကြီးအတွင်းသို့ ပလပ်စတစ်အမှိုက်များစွန့်ပစ်မှု မရှိစေရေး အမှိုက်ပုံများစနစ်တကျထားရှိပေးရန်၊ ပြင်ဦးလွင်မြို့သည် ချယ်ရီမြို့ဖြစ်သည်နှင့် အညီ ချယ်ရီပင်များကိုအမျိုးသားကန်တော်ကြီး ဥယျာဉ်အတွင်း စနစ်တကျပြန်လည် စိုက်ပျိုးရန်၊ အလားတူ အပင်ကြီးမျိုးများနှင့် စိန်ပန်းပြာ အပင်များကိုလည်း စိုက်ပျိုးရန် မှာကြားသည်။


အမျိုးသားကန်တော်ကြီးအတွင်းသို့ ရေဝင်ရောက်မှုများနည်းပါးလျက် ရှိခြင်း ကြောင့်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန် မှုဖြင့် လိုအပ်သည့် မွမ်းမံပြင်ဆင်မှုများပြုလုပ်ခြင်း၊ ရေလမ်းကြောင်း ထိန်းသိမ်းမှုများ ဆောင်ရွက်ခဲ့ခြင်းကြောင့် ယခုအခါ ကန်တော်ကြီးအတွင်းသို့ ရေဝင် ပေါက်များမှရေများ ပြန်လည်စီးဝင်လျက်ရှိကြောင်းနှင့် ယခုနှစ် မြန်မာအတာသင်္ကြန် ကာလအတွင်း အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်းသို့ ပြည်သူ ၂၄၉၅၀ ဦး ဝင်ရောက်ခဲ့ ကြောင်းနှင့် ၂၀၂၂ ခုနှစ်တွင် ကျင်းပပြုလုပ်သည့် ပန်းပွဲတော်အတွင်း ပြည်တွင်း၊ ပြည်ပခရီးသွား ၃၁၇၁၁၅ ဦး ဝင်ရောက်ခဲ့ကြောင်းသိရှိရသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များ ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (B.E FALLS)သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (B.E FALLS)အတွင်း အသစ် တည်ဆောက်ထားသည့် Sky Cable Car ဖြင့် လိုက်ပါစီးနင်းကြသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း (B.E FALLS)အတွင်း ဆင်ကလေးများ၏ ကျွမ်းကျင်မှုနှင့်အလှပြ ပြကွက်များကို ကြည့်ရှုအားပေးကာ အစာကျွေးကြပြီး ချီးမြှင့် ငွေများပေးအပ်သည်။ ယင်းနောက်အပန်းဖြေစခန်းအတွင်း ပန်းခင်းများကို နေရောင် ခြည်စွမ်းအင်သုံး ရေတင်စက်ဖြင့် ရေဖျန်းနေမှုကိုကြည့်ရှုစစ်ဆေးပြီး လာရောက် အပန်းဖြေအနားယူနေကြသည့် ပြည်သူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။


ပွဲကောက်ရေတံခွန်သည် ယခင်က စနစ်ကျသည့် အကွက်ချမှုမရှိခြင်း၊ ဈေးဆိုင် ခန်းများ များပြားလာခြင်း၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်း၊ သစ်ပင်များ ခုတ်လှဲခြင်း များကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ပျက်စီးယိုယွင်းမှုများ ဖြစ်ပေါ်လာခဲ့ ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် လာရောက်စစ်ဆေးစဉ် လမ်းညွှန်ချက်များအရ အဆင့်မြှင့်တင်ပြုပြင် ထိန်းသိမ်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ရေတံခွန်အတွင်း ရေသန့်စင်စေရေးသဘာဝရေ သန့်စင် စနစ်ကို အသုံးပြုထားသဖြင့် ရေကစားလိုသူများအနေဖြင့်လည်း သန့်ရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်စွာ ရေကစားမှုပြုနိုင်မည်ဖြစ်ကြောင်း၊ အပန်းဖြေစခန်း အတွင်းရေတံခွန် ၃ ခု ရှိပြီး မြန်မာနိုင်ငံတွင် ပထမဆုံး LED မှန်တံတား ကိုလည်း ကမ္ဘာ့အဆင့်မီစွာဖြင့် ထည့်သွင်းဆောက်လုပ်ထားကာ မှန်တံတားအောက်ခြေ ရှုခင်း များကို ရင်ခုန်စိတ်လှုပ်ရှားစွာခံစားနိုင်မည်ဖြစ်ကြောင်း၊ ပန်းမြို့တော်၊ ခရီးသွား မြို့တော် ဖြစ်သည်နှင့်အညီ ပန်းမျိုးစုံကို စိုက်ပျိုးထားရှိပြီး နှစ်စဉ်ပန်းပွဲတော်များကို လည်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ လာရောက်လည်ပတ်သူများ စိတ်အပန်း ပြေစေရန် ရည်ရွယ်၍ အဆင့်မြှင့်တင်ဆောင်ရွက်ထားပြီး မှန်တံတား၊ ကြိုးတံတား များအပြင် log house၊ coffee shop၊ တောတွင်းလျှောက်လမ်းများ၊ အပန်းဖြေနေရာ များ၊ ကလေးကစားကွင်းများ စသည်တို့ကို ပြည့်စုံအောင် ထည့်သွင်း အဆင့်မြှင့်တင် ထားရှိသည့်အပြင် ယခုအခါတွင် အရှည် ၅၅၄ မီတာရှိ Sky Cable Way ကိုလည်း တည်ဆောက်ထားရှိပြီး Sky Cable Car များကိုစီးနင်း၍ သဘာဝပတ်ဝန်းကျင် အလှအပများကို ကြည့်ရှုခံစားနိုင်ကြောင်းနှင့် မြန်မာနှစ်သစ်ကူးအတာသင်္ကြန်ကာလ အတွင်း ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (B.E FALLS)သို့ ပြည်တွင်း၊ ပြည်ပ ခရီးသွား ပြည်သူများစည်ကားသိုက်မြိုက်စွာဖြင့် လာရောက်လည်ပတ်ခဲ့ကြကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)