ဘွန်ဒစ်လီဂါပွဲစဉ်၂၈ စနေနေ့ည ပွဲစဉ်များအတွက် ပွဲကြိုသုံးသပ်ချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘွန်ဒစ်လီဂါပွဲစဉ်၂၈ စနေနေ့ည ပွဲစဉ်များအတွက် ပွဲကြိုသုံးသပ်ချက်





MNP - ဧပြီ ၁၅


ဂျာမန်ဘွန်ဒစ်လီဂါပွဲစဉ် ၂၈အဖြစ် စနေနေ့(ယနေ့) မြန်မာစံတော်ချိန် ည ၈:၀၀ အချိန်မှာ စတင်ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ဒီနေ့ညမှာတော့ ဘွန်ဒစ်လီဂါပွဲစဉ် ၅ပွဲ ယှဉ်ပြိုင်ကစားဖို့ ရှိနေတာ ဖြစ်ပါတယ်။


ဘိုင်ယန်မြူးနစ် - ဟော်ဖန်ဟင်မ် (ယနေ့ည ၈:၀၀ နာရီ)

ဘိုင်ယန်မြူးနစ်အသင်းနှင့် ဟော်ဖန်ဟင်မ်အသင်းတို့ဟာ ဘိုင်ယန်မြူးနစ်အိမ်ကွင်း အဲလီးယက်စ် အရီနာမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ဟောဖန်ဟင်မ်ဟာ း နိုင်ပွဲတွေ ပြန်ရလာပြီး တန်းဆင်းဇုန်အန္တရာယ်လည်း ရှိနေတာတွေကြောင့် ဘိုင်ယန်အနေနဲ့ သတိထားပြီး ကစားသွားရမယ့် ပွဲပါ၊ အိမ်ကွင်းမှာ ဂိုးမြူးတတ်တဲ့ ဘိုင်ယန်ရဲ့ တိုက်စစ်လက်နက်ကိုတော့ ဟော်ဖန်ဟင်မ်အသင်း ခုခံထားနိုင်ဖို့ မလွယ်ကူပါဘူး၊  ဒါပေမဲ့ မန်စီးတီးနဲ့ ချန်ပီယံလိဂ်ပွဲကျပ်တွေကြားမှာ ကစားရတာဖြစ်လို့ ဘိုင်ယန်တို့အနေနဲ့ ဂိုးပြတ်ဖို့ နိုင်ပွဲရယူဖို့ ခက်ခဲပါလိမ့်မယ်။


RB လိုက်ပ်ဇစ် - အော့စ်ဘတ် (ယနေ့ည ၈:၀၀)

RB လိုက်ပ်ဇစ်အသင်းနှင့် အော့စ်ဘတ်အသင်းတို့ဟာ လိုပ်ဇစ်အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။လိုက်ပ်ဇစ်ဟာ အိမ်ကွင်းမှာတော့ နောက်ဆုံး(၃)ရာသီဆက်တိုက် အနိုင်ယူထားပြီး လက်ရှိအနေအထားမှာလည်း လိုက်ပ်ဇစ်အသင်းအနေနဲ့အမှတ်ဆုံးရှုံးခံလို့ လုံးဝမဖြစ်ပါဘူး၊ လိုက်ပ်ဇစ်တို့ ဂိုးပြတ်နိုင်ပွဲရယူသွားပါလိမ့်မယ်။


ကိုလုံး - မိန့်ဇ် (ယနေ့ည ၈:၀၀)

ကိုလုံးအသင်းနှင့် မိန့်ဇ်အသင်းတို့ဟာ ကိုလုံးအိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ကိုလုံးအသင်း အိမ်ကွင်းမှာတော့ အမှတ်ယူလိမ့်မယ်လို့ ထင်ပါတယ်။


စတုဂတ် - ဒေါ့မွန် (ယနေ့ည ၈:၀၀)

စတုဂတ်အသင်းနှင့် ဒေါ့မွန်အသင်းတို့ဟာ စတုဂတ်အသင်းအိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ဒေါ့မွန်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ အဝေးကွင်း(၂)ပွဲဆက်တိုက် သရေရလဒ်သာ ထွက်ပေါ်ထားပေမဲ့ အသင်းငယ်တွေရဲ့တွေ့ဆုံမှုတွေမှာ အမှားအယွင်း သိပ်မရှိတာက အဓိကအားသာချက်ပါ၊ စတုဂတ်အနေနဲ့ ခက်ခဲတဲ့ အခြေအနေမျိုးဖြစ်နေပေမဲ့ ဒေါ့မွန်တို့ကဘဲ နိုင်ပွဲရယူသွားပါလိမ့်မယ်။


ဖရန့်ဖတ် - မိုချန်ဂလာဘတ် (ယနေ့ည ၁၁:၀၀)

ဖရန့်ဖတ်အသင်းနှင့် မိုချန်ဇလာဘတ်အသင်းတို့ဟာ ဖရန့်ဖတ်အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ဖရန့်ဖတ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ အိမ်ကွင်း(၂)ပွဲဆက် သရေကျထားပေမဲ့ ခြေစွမ်းပိုင်းအရတော့ သိပ်ပြီး အခြေအနေမဆိုးလှပါဘူး၊ ဖရန့်ဖတ်တို့ အနိုင်ကစားသွားပါလိမ့်မယ်။


မြန်မာနေရှင်နယ်ပို့စ်




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)