စီးရီးအေပွဲစဉ်၃၀ စနေနေ့ည ပွဲစဉ်များအတွက် ပွဲကြိုသုံးသပ်ချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စီးရီးအေပွဲစဉ်၃၀ စနေနေ့ည ပွဲစဉ်များအတွက် ပွဲကြိုသုံးသပ်ချက်



MNP - ဧပြီ ၁၅


အီတီလီစီးရီးအေပွဲစဉ် ၃၀အဖြစ် စနေနေ့(ယနေ့) မြန်မာစံတော်ချိန် ညနေ ၇:၃၀ အချိန်မှာ စတင်ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ဒီနေ့ညမှာတော့ စီးရီးအေပွဲစဉ် ၃ပွဲ ယှဉ်ပြိုင်ကစားဖို့ ရှိနေတာ ဖြစ်ပါတယ်။


ဘိုလော့ဂ်နာ - အေစီမီလန် (ယနေ့ည ၇:၃၀)

ဘိုလော့ဂ်နာအသင်းနှင့် အေစီမီလန်အသင်းတို့ဟာ ဘိုလော့ဂ်နာအိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ဘိုလော့ဂ်နာကလည်း အသင်းကောင်းတစ်သင်းဖြစ်လာပြီဖြစ်ပြီး သချာင်္နည်းအရ ဥရောပဝင်ခွင့်မျှော်လင့်ချက်လည်း ရှိပါသေးတယ်၊ အေစီမီလန်က ချန်ပီယံလိဂ်ရှိလို့ ပြည်တွင်းပြိုင်ပွဲကို သိပ်ပြီး အားစိုက်နိုင်ဦးမယ်လို့ မထင်ပါဘူး၊ အေစီမီလန်တို့ သရေရလဒ်လောက်နဲ့ ကျေနပ်ရဖို့များပါတယ်။


နာပိုလီ - ဗီရိုနာ (ယနေ့ည ၁၀:၃၀)

နာပိုလီအသင်းနှင့် ဗီရိုနာအသင်းတို့ဟာ နာပိုလီအိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ နှစ်သင်းအကြား ကွာဟချက်က အတော်လေးကြီးမားပြီး နာပိုလီအသင်း ဘယ်လိုလူစာရင်းပဲ အသုံးပြုပြု ဗီရိုနာထက် အစစအရာရာ သာလွန်လွန်းလှပါတယ်၊ ပြီးတော့ ဗီရိုနာအသင်းရဲ့ အဝေးကွင်းခြေစွမ်းကလည်း အားရစရာ တစ်စက်မှကို မရှိတာပါ၊ နာပိုလီ အနိုင်သေချာပြီး ဂိုးပြတ်၊ မပြတ်ပဲ စောင့်ကြည့်ရပါမယ့် ပွဲမျိုးပါ။


အင်တာမီလန် - မွန်ဇာ (ယနေ့ည ၁:၁၅ )

အင်တာမီလန်အသင်းနှင့် မွန်ဇာအသင်းက အင်တာမီလန်အိမ်ကွင်း ဆန်စီရိုမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။အင်တာမီလန်အတွက် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှားခံလို့မရတဲ့ အနေထားကို ရောက်ရှိနေပါပြီ၊ ဒါပေမယ့် မီလန်တို့ရဲ့ အိမ်ကွင်းကစားပုံကတော့ စိတ်ချလို့ရတဲ့ အနေထားမှာ ရှိနေဆဲပါပဲ၊ မွန်ဇာရဲ ခံစစ်ကစားပုံက အားနည်းလွန်းပြီး အမှတ်လိုအပ်ချက်လည်း မရှိပါဘူး။ အင်တာမီလန် ဂိုးပြတ်နိုင်ပွဲရယူသွားပါလိမ့်မယ်။


မြန်မာနေရှင်နယ်ပို့စ်




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)