လာလီဂါပွဲစဉ်၂၉ စနေနေ့ည ပွဲစဉ်များအတွက် ပွဲကြိုသုံးသပ်ချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လာလီဂါပွဲစဉ်၂၉ စနေနေ့ည ပွဲစဉ်များအတွက် ပွဲကြိုသုံးသပ်ချက်





MNP - ဧပြီ ၁၅


လာလီဂါပွဲစဉ် ၂၉အဖြစ် စနေနေ့(ယနေ့) မြန်မာစံတော်ချိန် ညနေ ၆:၃၀ အချိန်မှာ စတင်ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ဒီနေ့ညမှာတော့ လာလီဂါပွဲစဉ် ၄ပွဲ ယှဉ်ပြိုင်ကစားဖို့ ရှိနေတာ ဖြစ်ပါတယ်။


ဗီလာရီးရဲလ် - ဗယ်လာဒိုလစ် (ယနေ့ည ၆:၃၀)

ဗီလာရီးရဲလ်အသင်းနှင့် ဗယ်လာဒိုးလစ်အသင်းတို့ဟာ ဗီလာရီးရဲလ်အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ဗီလာရီးရဲလ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အားကုန်ထုတ်ကြိုးစားနေကြပြီး ခြေစွမ်းပိုင်းအပြင် ရလဒ်ပိုင်းပါ ကောင်းမွန်နေပါတယ်၊ ဒါ့ပြင် အိမ်ကွင်းမှာ တိုက်စစ်ကစားပုံပိုကောင်းတတ်တာကြောင့် အဝေးကွင်းခံစစ်အားနည်းတဲ့ ဗယ်လာဒိုလစ်ကို ဖိအားပေးနိုင်မှာပါ၊ အိမ်ရှင် ဗီလာရီးရဲလ်ပဲနိုင်ပွဲယူပါလိမ့်မယ်။ 


ဘီလ်ဘာအို - ဆိုစီဒက် (ယနေ့ည ၈:၄၅)

ဘီဘာအိုအသင်းနှင့် ဆိုစီဒက်အသင်းတို့ဟာ ဘီလ်ဘာအိုအိမ်ကွင်း ဆန်မာမက်စ်ဘာရီယာမှ ယှဉ်ပြိုင်းကစားကြမှာ ဖြစ်ပါတယ်။ ဒီနေ့ပွဲက ဥရောပဝင်ခွင့်တိုက်ပွဲအတွက်အရေးပါတဲ့ ပွဲတစ်ပွဲပါ၊ ဆိုစီဒက်က ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာကို သေချာပေါက်ဖမ်းဆုပ်ထားနိုင်ဖို့ကြိုးစားမှာဖြစ်သလို၊ ဘီလ်ဘာအိုကလည်း ဥရောပဝင်ခွင့်တစ်နေရာအတွက် အိမ်ကွင်းမှာ ရုန်းကန်လာမှာပါ၊ လက်ရှိအခြေအရတော့ အိမ်ရှင်ဘီလ်ဘာအို ကပ်နိုင်ဖို့ ရှိပါတယ်။


ရီးရဲလ်ဘက်တစ် - အက်စ်ပန်ညို (ယနေ့ည ၁၁:၀၀)

ရီးရဲလ်ဘက်တစ်အသင်းနှင့် အက်စ်ပန်ညိုအသင်းတို့ဟာ ရီးရဲလ်ဘက်တစ်အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ဘက်တစ်တို့ဟာ ချန်ပီယံလိဂ်ဝင်ခွင့်ကို မျှာ်လင့်နေပြီး့ အိမ်ကွင်းမှာ အမှတ်ပြည့်ယူထားနိုင်ဖို့လိုအပ်ပါတယ်၊ အက်စ်ပန်ညိုကလည်း တန်းဆင်းဇုန်ထဲက ရုန်းထွက်ဖို့ကြိုးစားနေပေမယ့် ခြေစွမ်းအရ အားနည်းလွန်းပါတယ်၊အိမ်ရှင်ရီးရဲလ်ဘက်တစ်ဘဲ အနိုင်ရသွားပါလိမ့်မယ်။


ကာဒစ်ဇ် - ရီးရဲလ်မက်ဒရစ် (ယနေ့ည ၁:၃၀ နာရီ)

ကာဒစ်ဇ်အသင်းနှင့် ရီးရဲလ်မက်ဒရစ်အသင်းတို့ဟာ ကာဒစ်ဇ်အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ချန်ပီယံလိဂ်တစ်ဖက်နဲ့ အလုပ်များနေနိုင်တဲ့ ရီးရဲလ်မက်ဒရစ်အတွက် ခက်ခဲနိုင်တဲ့ပွဲပါ၊ ကာဒစ်ဇ်က တန်းဆင်းဇုန်နဲ့ ဝေးရာကို ပြေးထွက်နိုင်ဖို့ ပွဲတိုင်းအားကုန်ရုန်းနေပြီး ခံစစ်ပိတ်ဆို့ကစားတတ်တဲ့အသင်းပါ။ အခုလည်း အိမ်ကွင်းမှာ ရီးရဲလ်ဆီက သရေတစ်မှတ်တော့ မျှော်လင့်နိုင်ပါတယ်၊ သေချာတာကတော့ ဂိုးနည်းပါလိမ့်မယ်။


မြန်မာနေရှင်နယ်ပို့စ်

                                 

                                    


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)