ပရီးမီးယားလိပ်ပွဲစဉ် ၃၁စနေနေ့ည ပွဲစဉ်များအတွက် ပွဲကြိုသုံးသပ်ချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပရီးမီးယားလိပ်ပွဲစဉ် ၃၁စနေနေ့ည ပွဲစဉ်များအတွက် ပွဲကြိုသုံးသပ်ချက်



MNP - ဧပြီ ၁၅


ပရီးမီးယားလိပ်ပွဲစဉ် ၃၁အဖြစ် စနေနေ့(ယနေ့) မြန်မာစံတော်ချိန် ညနေ ၆:၀၀ အချိန်မှာ စတင်ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ဒီနေ့ညမှာတော့ ပရီးမီးယားလိပ်ပွဲစဉ် ၇ပွဲ ယှဉ်ပြိုင်ကစားဖို့ ရှိနေတာ ဖြစ်ပါတယ်။


အက်စတွန်ဗီလာ - နယူးကာဆယ် (ယနေ့ည ၆:၀၀)

အက်စတွန်ဗီလာအသင်းနှင့် နယူးကာဆယ်အသင်းတို့ဟာ အက်စတွန်ဗီလာအိမ်ကွင်း ဗီလာပါခ့်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။အူနိုင်းအမ်မရီလက်ထက် ဗီလာဟာ အတော်လေးကောင်းမွန်လာပြီး တိုက်စစ်မှူး ဝက်ကင်းခ်ကလည်း ဂိုးတွေမြူးနေပေမယ့် နယူးကာဆယ်ရဲ့ ပြန်လည်လန်းဆန်လာမှုကို မေ့ထားလို့ မရပါဘူး၊ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ရ ထွက်ပေါ်ပါလိမ့်မယ်။(ခန့်မှန်းရလဒ် အက်စတွန်ဗီလာ ၁ - ၁ နယူးကာဆယ်)


ချဲလ်ဆီး - ဘရိုက်တန် (ယနေ့ည ၈:၃၀)

ချဲလ်ဆီးအသင်းနှင့် ဘရိုက်တန်အသင်းတို့ဟာ ချဲလ်ဆီးအိမ်ကွင်း စတန်းဖို့ဒ်ဘရစ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ချဲလ်ဆီးအတွက် ပရီးမီယားလိဂ်မှာ မျှော်လင့်ချက်ရတော့မယ့် ဘရိုက်တန်အတွက်ကတော့ ဥရောပဝင်ခွင့်တစ်နေရာအတွက် တိုက်ပွဲဝင်ရမယ့်ပွဲပါ။ဘရိုက်တန်ရဲ့ တရပ်ဆက်တိုက်စစ်ဆင်ခြင်းမှာ ချဲလ်ဆီးတို့ လဲပြိုပေးရလိမ့်မယ်။(ခန့်မှန်းရလဒ် ချဲလ်ဆီး ၀ - ၂ ဘရိုက်တန်)


စပါး - ဘုန်းလ်မောက် (ယနေ့ည ၈:၃၀)

တော်တင်ဟမ်ဟော့စပါးအသင်းနှင့် ဘုန်းလ်မောက်အသင်းတို့ဟာ စပါးအိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ဘုန်လ်မောက်ရဲ့ မာကျော့မှုမရှိတဲ့ ခံစစ်ကစားပုံက ကိန်း-ဆွန်တို့လိုတိုက်စစ်မှူးတွေရှိတဲ့ စပါးအတွက် အားသာချက်ပါ၊ ဒါ့အပြင် ချန်ပီယံဝင့်ခွင့်ရဖို့အတွက် စပါးအသင်းအနေနဲ့ အမှားခံလို့မရတဲ့ ပွဲဖြစ်တာကြောင့် စပါးတို့ကဘဲ ဂိုးပြတ်နိုင်ပွဲရယူသွားပါလိမ့်မယ်။(ခန့်မှန်းရလဒ် စပါး ၂ - ၀ ဘုန်းလ်မောက်)


အဲဗာတန် - ဖူဟမ် (ယနေ့ည ၈:၃၀)

အဲဗာတန်အသင်းနှင့် ဖူဟမ်အသင်းတို့ဟာ အဲဗာတန်အိမ်ကွင်း ဂွတ်ဒီဆင်ပါခ့်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ဘာဖြစ်ချင်မှန်းမသိတဲ့ ဖူဟမ်ကို ရှောင်ဒိုက်က သေမိန့်ပေးပါလိမ့်မယ်။အဲဗာတန်ဟာ တန်းမဆင်းရရေးအတွက် နိုင်ပွဲတွေလိုအပ်နေပြီး ခြေစွမ်းတွေကျဆင်းနေတဲ့ ဖူဟမ်ကို မဖြစ်မနေအနိုင်ရအောင်း ကြိုးစားသွားလိမ့်မယ်။(ခန့်မှန်းရလဒ် အဲဗာတန် ၁ - ၀ ဖူဟမ်)


ဆောက်သမ်တန် - ခရစ္စတယ်ပဲလေ့စ် (ယနေ့ည ၈:၃၀)

ဆောက်သမ်အသင်းနှင့် ခရစ္စတယ်ပဲလေ့စ်အသင်းတို့ ဆောက်သမ်တန်အိမ်ကွင်း စိန့်မေရီမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ဆာက်သမ်တန်အတွက်က လက်ကျန်ပွဲတိုင်းက သေရေးရှင်ရေးချည်းပါပဲ၊ ဒီနေ့ပွဲကတော့ မျှော်လင့်ချက်ထားလို့ကောင်းမယ့်ပွဲမျိုးပါ၊ ဆောက်သမ်တန်တို့ နိုင်ပွဲရအောင် ကြိုးစားလာပါလိမ့်မယ်။(ခန့်မှန်းရလဒ် ဆောက်သမ်တန် ၁ - ၀ ခရစ္စတယ်ပဲလေ့စ်)

 

ဝုလ်ဗ် - ဘရန့်ဖို့ဒ် (ယနေ့ည ၈:၃၀ )

ဝူဗာဟမ်တန်အသင်းနှင့် ဘရန်းဖို့ဒ်အသင်းတို့ဟာ ဝုလ်ဗ်အိမ်ကွင်း မော်လင်နူးမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ဝုလ်ဗ်အသင်းဟာ လက်ရှိမှာ ရလဒ်ပိုင်းဆိုးနေပြီး ယုံကြည်မှုတွေလည်း ကျဆင်းနေပါတယ်၊ ဘရန့်ဖို့ဒ်ရဲ့ လက်ရှိခြေစွမ်းနဲ့ စိတ်ဓာတ်ပိုင်းကို လုံးဝမယှဉ်နိုင်ပါဘူး၊ ဥရောပဝင့်ခွင့်တစ်နေရာအတွက် ဘရန့်ဖို့ဒ်အနိုင်ကန်သွားမှာပါ။(ခန့်မှန်းရလဒ် ဝုလ်ဗ် ၁ - ၂ ဘရန့်ဖို့ဒ်)


မန်စီးတီး - လက်စတာ (ယနေ့ည ၁၁:၀၀)

မန်ချက်စတာစီးတီးအသင်းနှင့် လက်စတာစီးတီးအသင်းတို့ဟာ မန်စီးတီးအိမ်ကွင်း အီးတီးဟတ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။စီတီဇင်တို့က ဒီပွဲကို သေချာပေါက် အမှားမခံဘဲ အနိုင်ကစားလိမ့်မယ်၊ လက်စတာရဲ့ တန်းဆင်းဇုန်ရုန်းအားကို လျော့တွက်လို့ မ၇တာ မှန်ပေမယ့် လက်ရှိအနေအထားအရ မန်စီးတီးကို ယှဉ်ကစားနိုင်မယ့် အခြေအနေမရှိသလို ဂိုးလည်းမသွင်းနိုင်မှာ မဟုတ်ပါဘူး၊ မန်စီးတီးတို့ ဂိုးပြတ်နိုင်ပွဲရယူသွားပါလိမ့်မယ်။(ခန့်မှန်းရလဒ် မန်စီးတီး ၃ - ၀ လက်စတာ)


မြန်မာနေရှင်နယ်ပို့စ်




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)