သံတွဲခရိုင်၊ငပလီမြို့၌နံရံကပ်စာစောင်ပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲခရိုင်၊ငပလီမြို့၌နံရံကပ်စာစောင်ပြပွဲကျင်းပ



MNP ၊  ဧပြီ ၂၀

ရခိုင်ပြည်နယ် ၊ သံတွဲခရိုင်၊ ငပလီမြို့ရုံးတွင် ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရေးနှင့်အလုပ်အကိုင်အခွင့်အလမ်းများကိုသိရှိ​ေစရန်အတွက်အလုပ်ခေါ်ကြော်ငြာစာများကို နံရံကပ်ပြဘုတ်တွင်ယနေ့ နံနက် (၁း၃၀)နာရီအချိန်ကငပလီမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ငပလီမြို့ရုံး၌ ပြသခဲ့သည်။ 


  ထိုသို့ အသိပညာပေးလုပ်ငန်း ဆောင်ရွက်ရာတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက နံ  ရံ ကပ်ကြော်ငြာစာနဲ့ပတ်သက်၍ ဘွဲ့ရရှိပြီးလုပ်ငန်းခွင်သို့ဝင်ရောက်ရန်စောင့်နေသူများနှင့်တက္ကသိုလ်ဝင်အောင်မြင်ပြီးလုပ်ငန်းခွင်ဝင်ရောက်လိုသူများကိုအခွင့်အလမ်းရရှိစေရန်ရည်ရွယ်၍ယခုလိုကြော်ငြာဘုတ်များတွင်တစ်လလျှင်(၂)ကြိမ်ကြော်ငြာစာကပ်သွားမည်ဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ 


  အဆိုပါလာရောက်ကြည့်ရှုကြသည့်လူငယ်များက ငပလီမြို့ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဝန် ထမ်းများ၏  အသိပညာပေးနံရံကပ်စာစောင်ပြသဆောင် ရွက်ပေးထားမှုများကို  စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)