ကျိုက်ထိုမြို့နယ်၌ အထူးကုဆရာဝန်ကြီးများအခမဲ့ကွင်းဆင်းကုသပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်၌ အထူးကုဆရာဝန်ကြီးများအခမဲ့ကွင်းဆင်းကုသပေး





MNP ၊  ဧပြီ ၂၀

      မွန်ပြည်နယ်၊ကျိုက်ထိုခရိုင်၊ ကျိုက်ထို မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ နှစ်ဦးအလှူအဖြစ် အထူးကုဆရာဝန်ကြီးများမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများကျန်းမာရေးကောင်းမွန်စေရန် (အခမဲ့) ကျန်း မာရေးစစ်ဆေးကုသခြင်းကို ဧပြီ ၂၀ ရက် နံနက် ၉ နာရီတွင် ကျိုက်ပေါလောမှဲ့ရှင်တော်ဘုရား ဓမ္မာရုံ၌ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။


   ယင်းသို့ဆောင်ရွက်ရာတွင် သထုံခရိုင်ဆေးရုံအုပ်ကြီးဒေါက်တာကျော်ဝင်း ဇော်၊ကျိုက်ထိုမြို့နယ် ဆရာဝန်ကြီး ဒေါက်တာခွန်‌မောင်အိုး ၊အထူးကုဆရာဝန်ကြီး (၇)ဦးနှင့်ကျန်းမာ‌ရေးဝန်ထမ်းများကလိုအပ်သည်များ စစ်ဆေး ကုသပေးပြီး ၍ ဆေးဝါးများ အခမဲ့ ပေးလှူခဲ့သည်။


     အဆိုပါကျန်းမာရေးစောင့်ရှောက်ကုသပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်ကြက်ခြေနီအသင်းဝင်များ၊လူမှု ကူညီရေးအသင်းအဖွဲ့များက ကျန်းမာရေးဝန်ထမ်းများနှင့်ပူးပေါင်း၍ လိုအပ်သည်များ ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)