မြောက်ဦးမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးလှည့်လည်နှိုးဆော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးလှည့်လည်နှိုးဆော်



MNP ၊  ဧပြီ ၂၀

ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊မြောက်ဦးမြို့၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်၍ မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မိဘပြည်သူများသိရှိရမည့် အကြောင်း အရာများအား ယနေ့ နံနက် ၉ နာရိအချိန်က မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ် ကွက် များ အတွင်း လှည့်လည်ဆော်ဩခဲ့သည်။


ထိုသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလှည့်လည်နှိုးဆော်ရာသို့ မြို့နယ်မီး သတ်ဦးစီးဌာန မှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးနေဇင်ထွန်း ဦးဆောင်၍ မီးသတ်တပ် ဖွဲ့ဝင် များ က ပွင့်လင်ရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မိဘပြည်သူများ ၊ လုပ်ငန်းရှင်များ ၊ဌာနဆိုင် ရာရုံး များ တွင် မီးဘေးလုံခြုံရေးအတွက် မီးသတ်ဦးစီးဌာနမှ ချမှတ်ထားသော စည်းကမ်း ချက် များ နှင့်အညီ လိုက်နာဆောင်ရွက်ထားရှိကြရန် ၊ မော်တော်ယဉ်များ၊ စက်သုံးဆီအရောင်းဆိုင်များ၊ ဟိုတယ် နှင့်တည်းခိုရိပ်သာများ ၊ဌာနဆိုင်ရာ ရုံးအဆောက်အဦးများ၊ စသောနေရာများ၌ မီးဘေး အန္တရာယ်ကြိုတင်ကာကွဘ်ရန်အတွက် ထားရှိရန်လိုအပ်သော မီးငြိမ်းသတ်ရေး ပစ္စည်းများဖြစ် သည့် မီးချိတ်၊မီးကပ်၊ရေပုံး၊သဲအိတ်၊ မီးသတ်ဆေးဘူးများ တပ်ဆင်ထားရှိကြရန် လိုအပ်ကြောင်း ၊ မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ အမြန်ဆုံးဆက်သွယ်ကြရန် လှည့်လည်နှိုးဆော်ခဲ့ ကြောင်း သိရသည်။


မြင့်စိုး၊စိုးငြိမ်းနိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)