နတ်မောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ရပ်/ကျေးစာရေးဝန်ထမ်းများအား စွမ်းဆောင်ရည်မြှင့်ဆန်းစစ်ချက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ရပ်/ကျေးစာရေးဝန်ထမ်းများအား စွမ်းဆောင်ရည်မြှင့်ဆန်းစစ်ချက်ဖြေဆို




MNP ၊  ဧပြီ ၄

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အထွေထွေအုပ်ချုပ်ဦးစီးဌာနရှိ ရပ်/ကျေးစာရေး ဝန်ထမ်းများအား စွမ်းဆောင်ရည်မြှင့် ဆန်းစစ်ချက်ဖြေဆိုခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


အဆိုပါ စွမ်းဆောင်ရည်မြှင့်ဆန်းစစ်ချက်စာမေးပွဲတွင် ဝန်ထမ်းအချင်းချင်းအပေါ်လိုက်နာစောင့် ထိန်းရမည့် ကျင့်ဝတ်(၅)ပါး၊ ပြည်သူလူထုအပေါ် လိုက်နာစောင့်ထိန်းရမည့်ကျင့်ဝတ် (၅)ပါး၊ နိုင်ငံ့ဝန်ထမ်းများထမ်း ဆောင်ရမည့်တာဝန်(၃)ရပ်၊ ဝန်ထမ်းတစ်ဦးချင်းလိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်(၁၂)ပါး၊ နိုင်ငံတော်အပေါ် လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်(၈)ပါးစသည့် အကြောင်းအရာများကို ရပ်/ကျေးစာရေးဝန်ထမ်း (၇၃)ဦးတို့က ရေးဖြေစာမေးပွဲဖြေဆိုခဲ့ကြရာ ဒု-မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဒု-ဦးစီးမှုးတို့က ကြီးကြပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


လှဝင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)