မိုင်းယောင်းမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းယောင်းမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ


MNP ၊  ဧပြီ ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပသည်။


ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းပန်က မြန်မာနိုင်ငံတွင် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ အသုံးပြုသည့် ယာဉ်အစီးရေများလည်း တိုးပွားလာကြောင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုအားနည်းသဖြင့် ယာဉ်မတော်တဆဖြစ်မှု ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုများ မကြာခဏဖြစ်ပေါ်နေသည်ကို သတင်းများတွင် တွေ့ရကြောင်းဆွေးနွေးပြီး ရုပ်သံကျွမ်းကျင်-၃ ဒေါ်နန်းစီဖေါင်းက ယာဉ်မောင်းသူ၊ လိုက်ပါစီးနင်း သူများအားလုံးအနေဖြင့် သတ်မှတ်ထားသော ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများကို အထူးလိုက်နာဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ကမ္ဘာတစ်ဝန်း လမ်းမပေါ်တွင် ယာဉ်မတော်တဆမှုများကြောင့် ၂၄ စက္ကန့်တွင် လူတစ်ဦးသေဆုံးကြောင်း၊ နှစ်စဉ် လူပေါင်း ၁ ဒသမ ၃၅ သန်း သေဆုံးနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂ဝ၁၈ ခုနှစ်က ထုတ်ပြန်ထားသည်ကို သိရကြောင်း ဆွေးနွေးခဲ့သည်။


ထို့နောက် အငယ်တန်းစာရေး ဦးထွန်းမြင့်လှိုင်နှင့် လုပ်သားရုပ်သံ ဒေါ်ဝေဝေခိုင်တို့က ယာဉ်စည်းကမ်းများ ထိန်းသိမ်းရာတွင် အထောက် အကူပြုစေရန်လည်းကောင်း၊ ယာဉ်ကြောပိတ်ဆို့မှုလျော့ နည်းရေး၊ ခရီးသွားပြည်သူလူထု အဆင်ပြေစွာ ခရီးသွားလာနိုင်ရေး ယာဉ်များအကြောင်းမဲ့ ရပ်တန့် ခြင်းမပြုရန်နှင့် ခရီးသည်တင်ယာဉ်များ ရပ်၊ တင်၊ ချ စနစ် ကျင့်သုံးရေး ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ယာဉ်တိုက်မှုဖြစ်ပွားမှုများ လျော့ကျစေရန် သက်ဆိုင်ရာမြို့နယ်၊ ခရိုင်အလိုက် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ယာဉ်မောင်းသူများ၏ စည်းကမ်းတကျ မောင်းနှင်မှု၊ လိုက်နာဆောင်ရွက်မှု ကိုယ်စီ အသိစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ရန်လိုအပ် သကဲ့သို့ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စည်းကမ်း၊ စည်းမျဉ်းများကို အလေးထားလိုက်နာ ဆောင်ရွက်စေချင်ကြောင်း ဆွေးနွေးခဲ့ကြသည်။


စိုင်းအောင်ဇော်လင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)