ရမ်းဗြဲမြို့၌ နွေရာသီပြည်သူ့နီတိနှင့်ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့၌ နွေရာသီပြည်သူ့နီတိနှင့်ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်






MNP ၊  ဧပြီ ၄

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌၊ နွေရာသီ ပြည်သူ့နီတိနှင့် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲကို ယမန်နေ့မွန်းတည့် (၁၂) နာရီအချိန်က ရမ်းဗြဲမြို့အောင်ဓမ္မဗိမာန် ဓမ္မာရုံတော်ကြီးတွင် ကျင်းပကြသည်။


အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရးအဖွဲ့မှ ဥက္ကဋ္ဌ ဦးခင်မောင်သန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့် ရှောက်ရေး အသင်းဝင်များ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။                         


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်သန်းမှ ပြည်သူ့နီတိနှင့် ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌဒေါ်နန်းစောညွန့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များမှ သင်တန်းသားများအား   စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ကြသည်။ သင်တန်းကာလမှာ (၃-၄-၂၀၂၃) မှ (၇-၄-၂၀၂၃) ရက်နေ့ထိ (၅) ရက်  ပို့ချသင်ကြားပေးသွားမည်ဖြစ်ပြီး ကျောင်းသား/ကျောင်းသူ (၃၀၀) ဦးခန့် တက်ရောက်ကြမည်ဖြစ်ကြောင်း   သိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)