မိုင်းဆတ်မြို့၌ မီးဘေးသင့်အိမ်ထောင်စုအား ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းဆတ်မြို့၌ မီးဘေးသင့်အိမ်ထောင်စုအား ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေပေးအပ်



MNP ၊  ဧပြီ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ဧပြီလ(၉)ရက်နေ့ည(၁၀)နာရီခွဲအချိန်ခန့်က အောင်ချမ်းသာကျေးရွာတွင် ဘက်ထရီအိုးဖြင့် ဖုန်းအားသွင်းထားရာမှ အပူလွန်ကဲကာ မီးလောင် ကျွမ်းမှုဖြစ်ပွားခဲ့သည့်အိမ်ထောင်စုအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ယနေ့နံနက် (၁၁)နာရီအချိန်က ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။


အဆိုပါ မီးဘေးသင့်အိမ်ထောင်စုအား ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇော်ဟိန်းနှင့် ဝန်ထမ်းများက ကယ်ဆယ်ရေးပစ္စည်း(၂၂)မျိုး၊ ထောက်ပံ့ငွေကျပ် (၁)သိန်းကျပ်နှင့် ဆန်ရိက္ခာစရိတ်တို့ကို ထောက်ပံ့ပေးအပ်ရာ မီးဘေးသင့်အိမ်ရှင်က လက်ခံရယူခဲ့ကြောင်းသိရသည်။


မြင့်မောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment