ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူများနှင့် ပြည်ဖျက်မီဒီယာများသို့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူများနှင့် ပြည်ဖျက်မီဒီယာများသို့



ပြည်ပြေးဝရမ်းပြေး နိုင်ငံရေးလုပ်စားသူများ စာရင်းမှာ NLD ပါတီက အကြမ်းဖက်လမ်းစဉ်ကို ဖော်ဆောင်ခဲ့ကြတဲ့ အောင်ကြည်ညွန့်၊ လွင်ကိုလတ်၊ ဇော်ဝေစိုး၊ ဇင်မာအောင် အစရှိသော လူယုတ်မာများနှင့် ပြည်ဖျက်မီဒီယာများ စာရင်းမှာတော့ BBC, VOA, RFA, DVB, Mizzima, The Irrawaddy, Khit Thit Media, Myanmar Now တို့အပြင် သူတို့ရဲ့ အစွယ်အပွား မီဒီယာတွေလည်း ပါဝင်ပါတယ်။


ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူများနှင့် ပြည်ဖျက်မီဒီယာများကို မေးခွန်းထုတ်ရခြင်း အကြောင်းကတော့ အထက်ဖော်ပြပါ လူယုတ်မာများအနေနဲ့ ခင်ဗျားတို့အနေနဲ့ အကြမ်းဖက်လမ်းစဉ်ကို စတင်ဖော်ဆောင်ခဲ့တဲ့ ၂၀၂၁ မှ ၂၀၂၃ ခုနှစ်တာ ကာလအတွင်းမှာ တော်လှန်ရေးကို အကြောင်းပြုပြီး ခရစ်စမတ်ပွဲတော်ကို နှောက်ယှက်တိုက်ခိုက်ဖို့ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်ဖို့ တိုက်ခိုက်ဖူးသလား။ တော်လှန်ရေးကာလ ခရစ်ယာန်တွေ ဝတ်မပြုရလို့ ခင်ဗျားတို့ လှုံ့ဆော်ခဲ့ဖူးတာ ရှိသလား။ တော်လှန်ရေးကာလ အစ္စလာမ်ဘာသာဝင်တွေ ဝတ်မပြုရ ဆုမတောင်းရ၊ တော်လှန်ရေးပြီးမှ ဝတ်ပြုဆုတောင်းကြလို့ ခင်ဗျားတို့ တားဆီးပိတ်ပင်ဝံ့သားလား။


ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူတွေရော ပြည်ဖျက်မီဒီယာများကို ဦးဆောင်နေကြတဲ့ လူယုတ်မာများအနေနဲ့လည်း ခရစ်ယာန်၊ အစ္စလာမ်ကို ထိပါးပြီး လှုံ့ဆော်ခဲ့တာမျိုး မရှိပါဘူး။ မလှုံ့ဆော်ရဲဘူး။ ခရစ်ယာန်တိုင်းပြည်တွေမှာ ခိုလှုံပြီး အစ္စလာမ် အထောက်အပံ့နဲ့ ရပ်တည်လှုပ်ရှားနေရတဲ့အတွက်ကြောင့် မလှုံ့ဆော်ရဲဘူး။ မဝေဖန်ရဲဘူး။ ပြစ်တင်ပြောဆိုတာမျိုး မလုပ်ဝံ့ဘူး။ ဘာကြောင့်လဲဆိုရင် စားပေါက်ပိတ်သွားမှာ ကြောက်လို့ပါပဲ။


သူတို့ရဲ့ အလိုအားဖြင့်တော့ တော်လှန်ရေးပေါ့။ ပြည်သူများရဲ့ အမြင်မှာတော့ နေ့စဉ်နေ့တိုင်း အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူတွေကို ပြစ်မှတ်ထားသတ်ဖြတ်နေတဲ့ အကြမ်းဖက်လှုပ်ရှားမှု ကာလအပိုင်းအခြားလေးလောက်ကိုသာ ပြောဆိုခြင်းပါ။ ဒီထက်ပိုပြီး ပြောနိုင်တဲ့အချက်တွေလည်း ရှိသေးတယ်။ NLD အစိုးရသက်တမ်းကာလ ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူများနှင့် ပြည်ဖျက်မီဒီယာတွေအနေနဲ့ တခြားသော ဘာသာဝင်တွေကို ထိပါးစော်ကား ရေးသားဝေဖန်ခဲ့တာမျိုး မရှိပါဘူး။ ဗုဒ္ဓဘာသာဝင်တွေအပေါ်မှာပဲ အစဉ်တစိုက်ပစ်မှတ်ထားပြီး အမေရိကန်သံရုံးရဲ့ ပန်းချီပြပွဲမှာ ဗုဒ္ဓပုံတော်ကို Mask တပ်ပြီး ဖော်ပြခဲ့တာကစလို့ ဗုဒ္ဓဦးခေါင်းတော်ကို အမျိုးသမီးထမီများနဲ့ ပုံဖော်ခဲ့တယ်။ ချစ်သုဝေရဲ့ အဖေဆိုသူက ဒေါ်စုနှဖူးပေါ်မှာ ဗုဒ္ဓလက္ခစာတော် ထည့်သွင်းဖော်ပြသည်အထိ စော်ကားမှုတွေ လုပ်ခဲ့ကြတယ်။ ကိုဗစ် ဖြစ်ပေါ်လာတဲ့အချိန်မှာတောင် သံဃာတော်တွေကပဲ ကိုဗစ် ဖြန့်ဝေနေသယောင် ဖန်တီးပုံဖော်ခဲ့ကြတဲ့ လုပ်ရပ်တွေ လုပ်ဆောင်ခဲ့ကြတယ်။ ရည်ရွယ်ချက်ရှိရှိ ဖန်တီးစော်ကားမှုတွေကို ဝေဖန်ထောက်ပြရင် အစွန်းရောက်တံဆိပ်ကပ်တယ်။


ဒီစာစုလေးကို ရေးသားပြဆိုခြင်းက ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူများနှင့် ပြည်ဖျက်မီဒီယာများ မင်းတို့ရဲ့ ရည်ရွယ်ချက်ရှိရှိ ဗုဒ္ဓဘာသာအပေါ်၊ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာတွေအပေါ် ပစ်မှတ်ထား ဖျက်ဆီးခဲ့တဲ့ လုပ်ရပ်တွေက သိသာထင်ရှားလွန်းပါတယ်။ မြန်မာပြည်ကို တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေလိုတဲ့ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေက မင်းတို့ကို အထောက်အပံ့ပေးထားခြင်းကြောင့် မင်းတို့တတွေဟာ တိုင်းပြည်နဲ့ လူမျိုးကို ရောင်းစားပြီး ကိုယ်ကျိုးရှာ အမြတ်ထုတ်နေကြတာကို စဉ်းစားတွေးခေါ်တတ်သူတိုင်း နားလည်ပါတယ်။ မင်းတို့ရဲ့ လုပ်ကြံဖန်တီးလှုံ့ဆော်မှုတွေမှာ မှိုင်းမိနေတဲ့ နီပိန်းတသိုက်ကလွဲလို့ စဉ်းစားတွေးခေါ်တတ်သူတိုင်းက မင်းတို့ရဲ့ ရည်ရွယ်ချက် လုပ်ဆောင်ချက်တွေကို သိရှိနားလည်နေကြပါပြီ။


မင်းတို့ရဲ့ ကောက်ကျစ်စဉ်းလဲ ယုတ်မာမှုတွေဟာ အစဉ်တစိုက်ဖြစ်နေလို့ သတိပေးလိုခြင်းပါကွာ။ မြန်မာပြည်မှာ နေထိုင်ကြတဲ့ တိုင်းရင်းသားပြည်သူတွေကို နည်းနည်းလေးများ လွတ်လပ်ပျော်ရွှင်ခွင့် ပေးလိုက်ပါတော့လား။ နှစ်သစ်ကူး အခါသမယလေးမှာ အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းခွင့် ပေးလိုက်ပါလား။ မင်းတို့တွေ ယုတ်မာကောက်ကျစ်လွန်းတယ်ကွာ။ မင်းတို့ ခရစ်ယာန်တွေရဲ့ နှစ်သစ်ကူးကို တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် မလှုံ့ဆော်ခဲ့ဘူး။ မင်းတို့ အစ္စလာမ်တွေရဲ့ ဥပုဒ်လကို တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် မလှုံ့ဆော်ရဲဘူး။ မင်းတို့ မြန်မာတိုင်းရင်းသားပြည်သူတွေရဲ့ အတာသင်္ကြန်နှစ်သစ်ကူး ကာလကို တည်ငြိမ်အေးချမ်းမှု ကင်းမဲ့အောင်၊ အေးချမ်းပျော်ရွှင်မှုမရအောင် နည်းမျိုးစုံနဲ့ ဖန်တီးလှုံ့ဆော်နေကြတယ်။ ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူများနှင့် ပြည်ဖျက်မီဒီယာများကို ဦးဆောင်နေသော လူယုတ်မာများ (မင်းတို့တွေဟာ) မြန်မာ့လူ့အဖွဲ့အစည်းအပေါ်မှာ အတိုင်းထက်အလွန် ရက်စက်ယုတ်မာလွန်းကြတယ်။ 


ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူများနှင့် ပြည်ဖျက်မီဒီယာများကို ဦးဆောင်နေသော လူယုတ်မာများနဲ့ ယှဉ်ပြိုင် တုဖက်ပြီးတော့ ပြောလိုခြင်း မရှိပါဘူး။ ပြည်သူတွေ သိရှိနားလည်ကြဖို့သာ ရည်ရွယ်ပါတယ်။ စာရေးသူအနေနဲ့တော့ ၁၃၈၄ ခုနှစ် မဟာသင်္ကြန်ကာလ မြန်မာပြည်အဝှမ်းမှာ ပြည်သူများအားလုံး အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေလို့ပဲ ဆန္ဒပြုပါတယ်။ 


ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူများနှင့် ပြည်ဖျက်မီဒီယာများကိုတော့ သစ္စာဆိုပြီး ပြောချင်ပါတယ်။ (အရဟံ - မြတ်စွာ ဘုရားရှင်သည် ကိလေသာကင်းစင်တော်မူ၍ လူနတ်ဗြဟ္မာသတ္တဝါအားလုံးတို့၏ ပူဇော်အထူးကို ခံယူတော် မူထိုက်ပါပေ၏) ဤမှန်ကန်သော သစ္စာစကားကို ဆိုရခြင်းကြောင့် ၁၃၈၄ ခုနှစ် မဟာသင်္ကြန်ကာလ မြန်မာပြည်တဝှမ်း ဘေးမသမ်းဘဲ အေးချမ်းကြပါစေ။ 


၁၃၈၄ ခုနှစ် မဟာသင်္ကြန်ကာလအတွင်း တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်ကြသူအားလုံး ကောင်းကျိုးလိုရာဆန္ဒ မှန်သမျှ ပြည့်ဝကြပါစေ။ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လှုံ့ဆော်သူများ၊ အကြမ်းဖက်သမားများ ဘေးအန္တရာယ်ဆိုး အမျိုးမျိုးနှင့် ကြုံတွေ့ကြပါစေ။


ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူများနှင့် ပြည်ဖျက်မီဒီယာများရဲ့ လုပ်ကြံဖန်တီးလှုံ့ဆော်မှုတွေကို နားယောင်ပြီး အကြမ်းဖက်လှုပ်ရှားမှုတွေ လုပ်ဆောင်ကြမယ့် အကြမ်းဖက်သမားများအနေနဲ့လည်း သတိပြုမိစေချင်ပါတယ်။ သင်္ကြန်မတိုင်မီမှာပဲ အင်းလေးရေပေါ်သင်္ကြန်ကို ဖောက်ခွဲတိုက်ခိုက်မယ့် PDF အကြမ်းဖက်သမားတွေ၊ သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့ပေါ်မှာ အကြမ်းဖက်ဖောက်ခွဲတိုက်ခိုက်မှုတွေ လုပ်ဆောင်မယ့် PDF အကြမ်းဖက်သမားတွေ၊ သင်္ကြန်ကာလအတွင်း မန္တလေးမြို့ပေါ်မှာ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်ကြမယ့် PDF အကြမ်းဖက်သမားတွေ အစုလိုက် အပြုံလိုက် ဖော်ထုတ်ဖမ်းဆီးပြီးပြီး။ ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူများနှင့် ပြည်ဖျက်မီဒီယာများရဲ့ လုပ်ကြံဖန်တီးလှုံ့ဆော် ခိုင်းစေမှုတွေနောက်ပို လိုက်ပါပြီး တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်ဖို့ ရည်ရွယ်ချက်တွေ ရှိနေရင် စွန့်လွှတ်လိုက်ကြ။ ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူများနှင့် ပြည်ဖျက်မီဒီယာများက မင်းတို့ PDF အကြမ်းဖက်သမားတွေပဲ သေသေ၊ အပြစ်မဲ့ ပြည်သူတွေပဲ သေသေ ငွေဝင်လမ်းရှိတယ်။ မင်းတို့ PDF အကြမ်းဖက်သမားတွေအတွက်တော့ သေလမ်းနဲ့ ထောင်ဝင်လမ်း အမြဲတမ်း ဖွင့်ထားတယ်။ တည်ငြိမ်အေးချမ်းရေးကို ရှေးရှုပြီး ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူများနှင့် ပြည်ဖျက်မီဒီယာများရဲ့ လုပ်ကြံဖန်တီး လှုံ့ဆော်မှုတွေနောက်မှာ မိုက်တွင်းမနက်ကြပါနဲ့တော့ ။   ။


နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)