ဘယ်လင်း-စွန်ရဲ-ရွှေလှံဗိုလ်- ရဲရွာလမ်း ရေရှည်တည်တံရေး တောင်ကျရေတိုက်စားမှုကြောင့် ပျက်စီးခဲ့သော လမ်းတာဘောင်များအား သံကူကွန်ကရစ်မြေထိန်းနံရံများ ဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘယ်လင်း-စွန်ရဲ-ရွှေလှံဗိုလ်- ရဲရွာလမ်း ရေရှည်တည်တံရေး တောင်ကျရေတိုက်စားမှုကြောင့် ပျက်စီးခဲ့သော လမ်းတာဘောင်များအား သံကူကွန်ကရစ်မြေထိန်းနံရံများ ဆောင်ရွက်ပေး



MNP ၊  ဧပြီ ၁၁

မန္တလေးတိုင်းဒေသကြီးအတွင်း ကျောက်ဆည်မြို့နယ် လမ်းဦးစီးဌာနမှ ဒေသအတွင်းကုန်စည်စီးဆင်းမှုမြန်ဆန်ရေးအတွက် ဘဏ္ဍာနှစ်အလိုက်ပျက်စီးနေသည့်လမ်းများ၊ လမ်းတာဘောင်များ၊ တံတားများအား ပြန်လည်ပြုပြင်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဘယ်လင်း-စွန်ရဲ-ရွှေလှံဗိုလ်-ရဲရွာလမ်း လမ်းရေရှည်တည်တံ့ရေး တောင်ကျရေတိုက်စားမှုကြောင့်ပျက်စီးခဲ့သော လမ်းတာဘောင်များအား သံကူကွန်ကရစ် မြေထိန်းနံရံများဖြင့် ပြန်လည်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ပျက်စီးနေသည့် လမ်းတာဘောင်နေရာသည် လမ်း၏(၅၇)ကီလိုမီတာနှင့်(၅၈) ကီလိုမီတာအတွင်းရှိ တံတား၏ ရေစီးအောက်ဘက်ခြမ်း ယခင်ကျောက်ရိုးစီမြေကာနံရံ အရှည်(၃၆.၅၈)မီတာနှင့် တံတား၏ရေဝင်အထက်ဘက်ခြမ်း ကျောက်ရိုးစီမြေကာနံရံ  (၂၀) မီတာ၊ စုစုပေါင်း(၅၆.၅၈)မီတာအား မန္တလေးတိုင်းဒေသကြီး ပြင်ဆင်ထိန်းသိမ်းခြင်း ခွင့်ပြုရန်ပုံငွေ(၂၀၀.၀၀)ကျပ်သန်းဖြင့် မြို့နယ်လမ်းဦးစီးဌာနမှ သတ်မှတ်အချိန်၊ သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာဖြင့် သံကူကွန်ကရစ် မြေထိန်းနံရံများ ပြန်လည်ဆောင်ရွက်ပေးခဲ့ရာ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီပြီဖြစ်ကြောင်း သိရသည်။


အဆိုပါ ဘယ်လင်း-စွန်ရဲ-ရွှေလှံဗိုလ်-ရဲရွာ လမ်းသည် အမှတ်(၂) ခရိုင်ချင်းဆက်လမ်းနှင့် ရန်ကုန်-မန္တလေးကားလမ်းအား ဆက်သွယ်ထားသော လမ်းဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးအတွက်များစွာအကျိုး သက်ရောက်မှုရှိကြောင်းနှင့် လမ်းဦးစီးဌာနနေဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် အချိန်နှင့် ကုန်ကျမှုစရိတ်သက်သာစေရေး၊ ဒေသထွက်ကုန်များနှင့် အခြားလူသုံးကုန် ပစ္စည်းများသယ်ယူရာတွင် အချိန်တိုအတွင်းသယ်ယူနိုင်ရေး လိုအပ်သည့်လုပ်ငန်းများအား ဘဏ္ဍာနှစ်အလိုက် ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


သက်မောင်

 https://t.me/MyanmarNationalPost 




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)