MNP ၊ ဧပြီ ၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်နိုင်လွင် ကြီးကြပ်မှုဖြင့် မီးဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ထားရှိမှု ရှိ/မရှိ ဌာနဆိုင်ရာရုံး များသို့ ဧပြီလ ၄ရက်နေ့မှစ၍ ကွင်းဆင်းစစ်ဆေးလျက်ရှိရာ ယနေ့နံနက် ၉နာရီအချိန်တွင်လည်း မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် သရက်ချောင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးနေမျိုးဆေးနှင့် ဦးဝင်းဇော်ဦးတို့က အဖွဲ့များခွဲ၍ တပ်ဖွဲ့ဝင်များနှင့်ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဌာနဆိုင်ရာရုံးများရှိဝန်ထမ်းများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးချိပ်၊ မီးကတ်၊ မီးသတ်ဆေးဘူးများ ကြိုတင်ပြင်ဆင်ထားရှိမှုများနှင့် သုံးစွဲပုံနည်းလမ်းများ၊လျှပ်စစ်ဝိုင်ယာရှော့ဖြစ်ပေါ်စေနိုင်သော မီးပလပ်ခုံများ၊ မီးခုံများအားခံနိုင်ဝန်ထက်ပိုမိုသုံးစွဲခြင်းမပြုရန်နှင့် ပေါက်ပြဲနေသော ဝိုင်ယာကြိုးများအားအသုံးခြင်းမပြုရန် စသည့်ဖြင့်ပြောကြားခဲ့ပြီး ရေတွင်း၊ ရေပုံး၊ ရေကန်များ ထားရှိမှုကိုလည်း စစ်ဆေးခဲ့ကြောင်း အဆိုပါဌာနဆိုင်ရာရုံးများသို့ ဧပြီလ ၄ ရက်နေ့မှ ၆ ရက်နေ့ အထိ (၃)ရက်တိုင် ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်နိုင်လွင်ထံမှ သိရသည်။
ပြည့်ဖြိုးပိုင်
https://t.me/MyanmarNationalPost




No comments:
Post a Comment