ကျောက်ဖြူမြို့၌ မဟာသင်္ကြန်ကာလအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး အသိပညာပေးဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဖြူမြို့၌ မဟာသင်္ကြန်ကာလအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး အသိပညာပေးဆောင်ရွက်




MNP ၊  ဧပြီ ၅

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ဒေသခံပြည်သူများအား ၂၀၂၃ ခုနှစ်၊ မဟာသင်္ကြန်ကာလအတွင်းယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးအတွက်ရည်ရွယ်၍ အမှတ်(၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုနှင့် ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၈ နာရီက ရုံးတက်လမ်းနှင့် စျေးလမ်းဆုံ မီးပွိုင့်၌ အသိပညာပေး ဆောင်ရွက်ခဲ့သည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့၏ လမ်းညွှန်ချက်အရ ကျောက်ဖြူမြို့၊ အမှတ်(၂၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ ခေတ္တတပ်ဖွဲ့စုမှူး ရဲအုပ်မျိုးသီဟ ဦးဆောင်သည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့က ၂၀၂၃ ခုနှစ်၊ မဟာသင်္ကြန်ကာလအတွင်း ပြည်သူများ စိတ်အေးချမ်းစွာ ရေပက်ခံထွက်ခြင်း၊ ရေကစားခြင်းဆောင်ရွက်ကြရမည်ဖြစ်ရာ ယာဉ်အန္တရာယ်၊လမ်းအန္တရာယ် ကင်းရှင်းစေရေးအတွက် ဆိုင်ကယ်မောင်းနှင်းလျင် ဆိုင်ကယ်စီးဦးထုပ်ကို စနစ်တကျတပ်ဆင် မောင်းနှင်ကြစေရန်၊ မီးပွိုင့်များတပ်ဆင်ထားသည့်နေရာ၌ သတ်မှတ်ထားသောယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ကြစေရန် အသိပညာပေးဆောင်ရွက်ခဲ့ပြီး လိုက်နာဆောင်ရွက်မှုမရှိသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်ခဲ့ကြသည်။


အဆိုပါ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးအတွက် ရုံးတက်လမ်း၊ ကမ်းနားလမ်း၊ ငလပွေ့လမ်းစသော မြို့ပေါ်ရပ်ကွက်များရှိ လူသွားလူလာများသည့်လမ်းများနှင့် ကျောက်ဖြူ-ရန်ကုန်အဝေးပြေးကားလမ်းမတန်းတလျောက်တို့၌  အသိပညာပေးလမ်းညွှန်များ၊ လမ်းအမှတ်အသားများနှင့်အချက်ပြများကို တပ်ဆင်ဆောင်ရွက်ထားရှိကြောင်း အမှတ်(၂၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ ခေတ္တ တပ်ဖွဲ့စုမှူး ရဲအုပ်မျိုးသီဟထံမှ သိရသည်။


မင်းသိန်းထွန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)