မာန်အောင်မြို့တွင်စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်စာစောင်များ(အခမဲ့)ငှားရမ်းပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့တွင်စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်စာစောင်များ(အခမဲ့)ငှားရမ်းပေး




MNP ၊  ဧပြီ ၁၉

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Libraryစနစ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်စာစောင်များ (အခမဲ့)ငှားရမ်း ပေးလျက်ရှိရာ ယနေ့ မွန်းလွဲ၁နာရီကရန်အောင်မြင်ရပ်ကွက်သို့ သွားရောက်ပြီး ရပ်ကွက်နေ စာဖတ်ပရိတ်သတ် ပြည်သူများအား စာအုပ် စာစောင်များကို အခမဲ့ငှားရမ်းပေးခဲ့သည်။


      ထိုသို့ စာအုပ် စာစောင်များ(အခမဲ့)ငှားရမ်းပေးရာတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အလုပ်မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ် ပရိတ်သတ်ပြည်သူများအားအသိပညာ ဗဟုသုတ တိုးပွားစေရေးနှင့် စာအုပ် စာပေများကို ဖတ်ရှုသည့်အလေ့အထကောင်းများ ရရှိစေရေး၊စာဖတ်ရှိန်မြှင့်တင်ရေးရည်ရွယ်ပြီးသုတ၊ ရသ ၊ ဝတ္တုစာအုပ်များ၊ မဂ္ဂဇင်း၊ ရုပ်ပြစာအုပ်များကို ရန်အောင်မြင်ရပ်ကွက်ရှိစာဖတ် ပရိတ်သတ် ပြည်သူများအား(အခမဲ့)ငှားရမ်းပေးခဲ့သည်။


   အဆိုပါ မိုဘိုင်းစနစ်ဖြင့် စာအုပ်၊စာစောင်များ အခမဲ့ငှားရမ်းပေးရာတွင် တစ်ပတ်ပြည့်လျှင် စာအုပ် စာစောင်အသစ်ဖြင့်အပတ်စဥ် လဲလှယ်ငှားရမ်း ပေးလျက်ရှိကြောင်းသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)