မြောက်ဦးမြို့၌ (၉၅) ကြိမ်မြောက် သျှစ်သောင်း၊ထုက္ကန်၊အံတော်သိမ်၊လေးမျက်နှာ ဘုရားပွဲကျင်း ပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့၌ (၉၅) ကြိမ်မြောက် သျှစ်သောင်း၊ထုက္ကန်၊အံတော်သိမ်၊လေးမျက်နှာ ဘုရားပွဲကျင်း ပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ




MNP ၊  ဧပြီ ၁၉

ရခိုင်ပြည်နယ် ၊ မြောက်ဦးခရိုင် ၊ မြောက်ဦးမြို့၌ (၉၅) ကြိမ်မြောက် သျှစ်သောင်း၊ ထုက္ကန်၊ အံတော်သိမ်၊လေးမျက်နှာ ဘုရားပွဲကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန် နေ့က ထမ္မရာဇ်ရပ်ကွက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် နယ်မြေခံတပ်မမှူးမှ အဖွင့်အမှာစကားပြောကြားရာတွင် သျှစ်သောင်းပွဲကို ယခင်နှစ်ထက် ပိုမိုစည်စည်ကားကားဖြစ်အောင် ဌာနဆိုင်ရာများ ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူး များ နှင့် ဂေါပကအဖွဲ့ဝင်များမှ ပူးပေါင်းလုပ်ဆောင်ကြရန်၊ သျှစ်သောင်းဘုရားသည် ယူနစ်စကို ဝင်ရန် လုပ်ဆောင်ကြသောအချိန်ဖြစ်၍ ဘုရားပွဲကျရာနေရာ ရှိ အမှိုက်များ စည်းကမ်းမဲ့ မပစ်ကြစေရန် ဗီနိုင်းဆိုင်းဘုတ်များထောင်၍ အမှိုက်ကို စနစ်တကျ ပစ်နိုင်ရန် အမှိုက်ပုံးများ ပွဲကျင်းပသော နေရာများတွင် အမှိုက်ပုံများချထားရန် နှင့် ဘုရားပွဲအတွင်း အရက်သေစာများ မရောင်းကြရန် ဈေးသည်များကို ကြိုတင် ပြောကြားရန်၊ ရခိုင်ရိုးရာ ပြိုင်လောင်း(လှေလှော်) ပြိုင်ပွဲ ကျင်းပ ချိန် တွင် ပြင်ပဧည်သည်များ အားပေးနိုင်ရန်အတွက် မဏ္ဍာပ်များ ဆောက်လုပ်ရန် စသော အကြောင်း အရာများကို ပြေားကြားခဲ့သည်။


ထို့နောက် ဘုရားပွဲကျင်းပရေးဦးစီးကော်မတီ အတွင်းအရေးမှူး မှ ပွဲတော်ကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီများတွင် ပွဲတော်ကျင်းပရေးဦးစီးကော်မတီ ၊ ရခိုင်ရိုးရာကျင်ပွဲကျင်းပအရေး ကော်မ တီ ၊ ရခိုင်ရိုးရာ ပြိုင်လောင်း(လှေလှော်) ပြိုင်ပွဲကျင်းပရေးကော်မတီ ၊ ဘောလုံးပွဲကျင်းပရေး ကော်မတီ စသော ဆပ်ကော်မတီများဖွဲ့စည်းပြီး ဖြစ်ကြောင်းကို အကျယ်တဝင့် ရှင်းလင်း ပြော ကြား ခဲ့သည်။ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မှ ပြောကြားရာတွင် ပွဲတော်ကျင်းပနိုင်ရေး ဆပ် ကော် မတီများ တွင် ဌာနဆိုင်ရာ ခရိုင်/မြို့နယ် များ  မှ ဆပ်ကော်မတီအလိုက် လိုအပ် သည်များ ကို ကြီးကြပ် နိုင်ရန်အတွက် ဖွဲ့စည်းပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။


အဆိုပါ အခမ်းအနားသို့ နယ်မြေခံတပ်မမှူး ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကောင်းမြတ် နိုင် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ ဦးစိုးစိုးသက် နှင့် အဖွဲ့ဝင်များ ၊ ဌာန ဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ၊ ဆပ်ကော်မတီဝင်များ ၊ ဂေါပကအဖွဲ့ဝင်များ ၊ မြောက် ဦး လူငယ်များအစည်းအရုံးမှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ဘုရားပွဲကျင်းပရေးဦးစီးကော်မ တီဝင်များနှင့် ဂေါပကအဖွဲ့ဝင်များ၏ပြောကြားချက်များအပေါ် နယ်မြေခံတပ်မမှူးမှလိုအပ်သည် များကိုပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်းသိရသည်။ 


မြင့်စိုး၊စိုးငြိမ်းနိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)