ငပလီကမ်းခြေ၌မဟာသင်္ကြန်ကာလသင်္ကြန်အ​တက်နေ့ပိုမိုစည်ကားလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငပလီကမ်းခြေ၌မဟာသင်္ကြန်ကာလသင်္ကြန်အ​တက်နေ့ပိုမိုစည်ကားလျက်ရှိ




MNP  ၊  ၁၆

ရခိုင်ပြည်နယ်၊သံတွဲခရိုင်၊ငပလီမြို့ရှိ ငပလီကမ်းခြေသို့မဟာသင်္ကြန်ကာလ သင်္ကြန်အ​တက်နေ့၌ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်များဒေသခံပြည်သူများ လာရောက်လည် ပတ်လျက်ရှိရာ အဆိုပါကမ်းခြေတလျှောက် ရေကစားသူများ၊အပန်းဖြေအနားယူသူများ၊ စားသောက်ဖွယ်ရာ​ရောင်းချသူများ၊​ဒေသထွက်ကုန်ရောင်းချသူမျာဖြင့် ပိုမိုစည်ကားလျက်ရှိကြောင်းသိရသည်။


ထိုသို့သင်္ကြန်ကာလပိတ်ရက်ရှည်နေ့များ၌ အပန်းဖြေလာရောက်ကြသူများမှာ  ရခိုင် ပြည်နယ်အတွင်းရှိမြို့နယ်များမှပြည်သူများ နှင့်ပြည်ပမှခရီးသွားဧည့်သည်များဖြစ်ကာ ၄င်းတို့မှာအဆိုပါကမ်းခြေတစ်လျှောက်တွင် ဘောလုံးကန်သူများ၊ရေးကူးကြသူများ၊ဓာတ်ပုံမှတ်တမ်းရိုက်ကူးကြသူများဖြင့် အ ထူးစည်ကားလျက်ရှိကြောင်းသိရှိရသည်။


ကမ်းခြေသို့ လာရောက် သူများ အေးချမ်းပျော်ရွှင်စွာ အနားယူအပန်းဖြေရန်နှင့် ကမ်းခြေသာယာလှပ စေရန်​ဒေသခံတာဝန်ရှိသူများကကြပ်မတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


မြင့်မြင့်အေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)