ကယားပြည်နယ်အစိုးရအဖွဲ့ ဗဟိုမဏ္ဍပ်တိုက်ခိုက်ခံရမှုတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများအား နစကအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် သွားရောက် ကြည့်ရှုအားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကယားပြည်နယ်အစိုးရအဖွဲ့ ဗဟိုမဏ္ဍပ်တိုက်ခိုက်ခံရမှုတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများအား နစကအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် သွားရောက် ကြည့်ရှုအားပေး


MNP ၊ ဧပြီ ၁၇

၁၃၈၄ ခု၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအတာသင်္ကြန်ပွဲတော်(သင်္ကြန်အကြတ်နေ့) နံနက်ပိုင်းတွင် လွိုင်ကော်မြို့၊ နောင်ယား(ခ)ရပ်ကွက်ရှိ ကယားပြည်နယ်အစိုးရအဖွဲ့ရုံးဗဟိုမဏ္ဍပ်တွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအတာသင်္ကြန်ပွဲတော်ကျင်းပနေစဉ် KNPP အဖွဲ့၊ လွိုင်ကော် PDF နှင့် Falcon Wings အမည်ခံအကြမ်းဖက်အဖွဲ့များက Drop Bomb ဖြင့် ယုတ်မာရက်စက်စွာပစ်ချတိုက်ခိုက်သဖြင့် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထိခိုက်ဒဏ်ရာရရှိသူ ဝန်ထမ်းများနှင့် အပြစ်မဲ့ ပြည်သူများအနက် ဒဏ်ရာရရှိသူအချို့ကို လွိုင်ကော်မြို့ပြည်သူ့ဆေးရုံကြီးမှ အမှတ်(၂)တပ်မတော် ဆေးရုံ(ကုတင် ၁၀၀၀)နေပြည်တော်သို့ လွှဲပြောင်းပို့ဆောင်၍  ဆေးကုသမှုခံယူလျက်ရှိပါသည်။

၂၀၂၃ ဧပြီ ၁၆ နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ဦးဆောင်သောအဖွဲ့မှ အမှတ်(၂)တပ်မတော်ဆေးရုံ(ကုတင် ၁၀၀၀)နေပြည်တော်သို့ သွားရောက်၍ ထိခိုက်ဒဏ်ရာရရှိသော ဝန်ထမ်းများအား တစ်ဦးချင်းတွေ့ဆုံ၍ ကြည့်ရှုအားပေး စကားပြောကြားပြီး ထောက်ပံ့ငွေနှင့်အသုံးအဆောင် ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)