သဲကုန်းမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဲကုန်းမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေး



MNP ၊  ဧပြီ ၂၂

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ဦးဆောင်လမ်းညွှန်မှုဖြင့်  နတ်တလင်း ခရိုင် သဲကုန်းမြို့နယ် ပြည်သူ့ဆေးရုံတွင်   မြို့နယ်အတွင်းရှိ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား ‌ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် စောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက် ၉ နာရီမှစတင်၍ ဆောင်ရွက်ပေးလျက်ရှိသည်။


အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား လက်လှမ်းမီသော ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်၊ ကျန်းမာရေးအဆင့် တိုးတက်မြင့်မားလာစေရန်နှင့် ငွေကုန်ကြေး ကျသက်သာစေရန်နှင့်  သက်တမ်းစေ့ နေထိုင်သွားနိုင်စေရည်ရွယ်၍  ကျန်းမာရေး စောင့်ရှောက်မှုများပေးခြင်းဖြစ်ကြောင်းနှင့် ဆီးချို၊သွေးချို၊သွေးတိုး၊နှလုံးရောဂါနှင့် အထွေထွေရောဂါများကို  စမ်းသပ်စစ်ဆေး၍ လိုအပ်သော ဆေးဝါးများကို အခမဲ့ဆောင်ရွက်ပေးခဲ့ ကြသည်။


အဆိုပါကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းအား လစဥ် ပင်စင်ထုတ်ရက်နှင့် တိုက်ဆိုင်ပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ၊   ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် စောင့်ရှောက်မှု ပေးခြင်းများကို ဧပြီ၂၁ ရက်၊ ၃၀ ရက်နေ့တွင် နံနက်၉ နာရီမှ ၁၂ နာရီအထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သဲကုန်းမြို့နယ်အနေဖြင့် အငြိမ်းစားနိုင်ငံဝန်ထမ်းများအား ကျန်းမာရေးစောင့် ရှောက်မှုဆောင်ရွက်ပေးမှုအနေဖြင့် ယနေ့ အငြိမ်းစားနိုင်ငံဝန်ထမ်းလူနာ အဟောင်း(၂၂)ဦး၊ အသစ်(၇)ဦးစုစုပေါင်း(၂၉)ဦး ကို ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုးမင်းထွေးထံမှ သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)