ကျေးရွာများ မွေးမြူရေး၊ စိုက်ပျိုးရေးနှင့် သယ်ယူပို့ဆောင်ရေးကို အကျိုးရှိစေမည့် ကျောက်ချောလမ်းပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျေးရွာများ မွေးမြူရေး၊ စိုက်ပျိုးရေးနှင့် သယ်ယူပို့ဆောင်ရေးကို အကျိုးရှိစေမည့် ကျောက်ချောလမ်းပြီးစီး


MNP ၊  ဧပြီ ၂၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ကျေးလက်လမ်းရန်ပုံငွေ တိုင်းဒေသကြီး ငွေလုံးငွေရင်းဖြင့် မြို့နယ်ကျေးလက်လမ်း (Class A)အဖွဲ့မှ တာဝန်ယူ ဆောင်ရွက်သော ညောင်ပင်သာ-ကညင်ဒိုင်း ကျောက်ချောလမ်းခင်းခြင်း လမ်းအရှည်(၂)မိုင်၊ လမ်းအကျယ်(၁၄)ပေကို ဆောင်ရွက်ခဲ့ရာ ပြီးစီးခဲ့ကြောင်း သိရသည်။


အဆိုပါလမ်းကို ဖေဖော်ဝါရီလမှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ပြီးစီးသွားသောကြောင့် ညောင်ပင်သာ၊ ကညင်ဒိုင်းကျေးရွာနှင့် အခြားပတ်ဝန်းကျင် ကျေးရွာများမှမွေးမြူရေး လုပ်ကိုင်သူများ၊ လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်သူ တောင်သူများ၊ တစ်ပိုင်တစ်နိုင် အသေးစားလုပ်ငန်း လုပ်ကိုင်သူများအတွက် သယ်ယူပို့ဆောင်ရေးကို အကျိုးရှိလာမည့် လမ်းတစ်ခုဖြစ်ကြောင်း လမ်းဦးစီးဌာနမှ သိရသည်။


နေမျိုးလွင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)