ရမ်းဗြဲမြို့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ကျေးရွာရွေးချယ်ခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ကျေးရွာရွေးချယ်ခြင်း အခမ်းအနားကျင်းပ


MNP ၊  ဧပြီ ၂၇

ရခိုင်ပြည်နယ်၊ရမ်းဗြဲမြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ(၂၀၂၃-၂၀၂၄)ဘဏ္ဍရေးနှစ်တွင်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့်ကျေးရွာများအားရွေးချယ်ခြင်းကိုယနေ့ မွန်းလွဲ(၂)နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် ကျင်းပကြသည်။  

 

 အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရးအဖွဲ့မှ ဥက္ကဌ ဦးခင်မောင်သန်းနှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊ တက်ရောက်ခဲ့ကြသည်။ဆက်လက်ပြီးမြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးမှူးဦးအောင်ထွန်းကကျေးရွာ များရွေးချယ်ရာတွင် အခြေခံရမည့်မူများနှင့်(၂၀၁၇-၂၀၁၈)မှ(၂၀၂-၂၀၂၃)ဘဏ္ဍရေးနှစ်ထိကျေးရွာ(၆၁)ရွာကိုကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်းနှင့်(၂၀၂၃-၂၀၂၄)ဘဏ္ဍရေးနှစ်တွင်ဆောင်ရွက်မည့်ကျေးရွာများအားရွေးချယ်ဆောင်ရွက်ပေးကြစေလိုကြောင်းဆွေးနွေးတင်ပြချက်အပေါ်တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရးအဖွဲ့မှ ဥက္ကဌ ဦးခင်မောင်သန်းနှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများမှကျေးရွာ(၇)ရွာအား ရွေးချယ်ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)