ပေါက်တောမြို့၌ တစ်လမ်းမောင်းစနစ်အဖြစ် ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့၌ တစ်လမ်းမောင်းစနစ်အဖြစ် ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်လျက်ရှိ





MNP ၊  ဧပြီ ၅

ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့ စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ ယာဉ်ကြောကျပ် တည်းမှုများကို ဖြေရှင်နိုင်ရန် ယာဉ်အသုံးပြုသွားလာနေသူများ၊ လမ်းသွားလမ်းလာပြည်သူများ၊ စိတ်ချမ်းမြေ့စွာ သွားလာနိုင်စေရန် နှင့် လူပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲနိုင်ရေးအတွက် မြို့နယ်တစ်လမ်း မောင်းစနစ်ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ နှင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး  ယနေ့ နံနက်ပိုင်းက  ပေါက်တောမြို့ရှိ မြို့နယ်စည်ပင်သာယာရေးဈေးကြီးအဝင်လမ်း၊ ဗိုလ်ချင်းပျံလမ်း၊ ရွှေပန်းထိမ်လမ်း၊ ဗိုလ်ချင်းပျံလမ်းသွယ်၊ အဏ္ဏဝါသီရိလမ်း၊ ပြန်/ဆက်ရုံးကြားလမ်း နှင့် စောပြည့်ညိုလမ်းတို့ကို တစ်လမ်းမောင်း စနစ်အဖြစ် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။


ထို့ပြင် ပြည်သူများကို အသိပညာပေးလုပ်ငန်းများအား သတ်မှတ်ကာလတစ်ခုအထိ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက လိုက်နာမှုမရှိသူများအား ဒဏ်ကြေးငွေပေးဆောင် စေမည့်လုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊အဆိုပါလမ်းများတွင် စည်းကမ်းမဲ့ယာဉ်များ မောင်နှင်းခြင်း ကြောင့် မလိုလားအပ်သည့် ပြဿနာများ မဖြစ်ပေါက်စေရေးအတွက် ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း မြို့နယ်တစ်လမ်းမောင်း စနစ်ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှ သိရှိရသည်။


အဆိုပါ တစ်လမ်းမောင်းစနစ်အဖြစ် အသိပညာပေး လုပ်ငန်းများဆောင်ရွက်မှုကို အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့ နံနက်ပိုင်းများတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)