MNP ၊ ဧပြီ ၅
ရခိုင်ပြည်နယ် ၊ စစ်တွေခရိုင်၊ရ သေ့တောင်မြို့၌ မြို့ပေါ်ရပ်ကွက်များအတွင်းရှိကလေးငယ်များအားမွေးစမှအသက်တစ်နှစ်အောက်ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကိုယနေ့နံနက် ၉နာရီအချိန်ကမြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၊မိခင်နှင့်ကလေးကျန်းမာရေးဌာန၌စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါပုံမှန်ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်းများဆောင်ရွက်ရာတွင် မွေးစမှအသက်တစ်နှစ်အောက် ကလေးများအားဘီစီဂျီ ၊ ပိုလီယို၊ဆုံဆို့-ကြက်ညှာ-မေးခိုင် - အသည်းရောင် အသားဝါ(ဘီ) - ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ပိုလီယိုကာကွယ်ဆေးထိုးဆေး၊ပြင်းထန်အဆုတ်ရောင် (ပီစီဗီ) ၊ဝက်သက် -ဂျိုက်သိုးစသည့် ကာကွယ် ဆေးများကို မွေးစ၊ အသက်(၂)လ၊ အသက်(၄) လ၊ အသက်(၆)လ၊ အသက်(၉)လနှင့်အသက်တစ်နှစ်အထိကလေးငယ်များအားသတ်မှတ်ဆေးထိုးရက်များအလိုက် ရပ်ကွက်/ ကျေးရွာများသို့ကွင်းဆင်း၍အကြိမ်ရေအလိုက် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ထွန်းလင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment