တာလေမြို့၌ နယ်မြေဒေသလုံခြုံရေး သတင်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာလေမြို့၌ နယ်မြေဒေသလုံခြုံရေး သတင်းညှိနှိုင်းအစည်းအဝေးကျင်းပ


MNP ၊  ဧပြီ ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌နယ်မြေဒေသတည်ငြိမ်၊ အေးချမ်း၊ လုံခြုံရေးအတွက် သတင်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီက နယ်မြေခံတပ်နယ်မှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဉီးစွာ တပ်နယ်မှူး၊ ဒုတိယဗိုလ်မှူးကြီးလင်းဇော်ဖြိုးက အဖွင့်အမှာစကားပြောကြားရာတွင် နယ်မြေဒေသတည်ငြိမ်၊ အေးချမ်းလုံခြုံရေးအတွက် သတင်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်း ဆောင်ရွက်သည့်အခါ လုံခြုံရေးအကူအညီလိုအပ်ပါက တောင်းခံနိုင်ကြောင်း၊ အခက်အခဲများရှိပါက တင်ပြပေးကြရန်နှင့် လိုအပ်သည့်အကူအညီများကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊ လုပ်ငန်းဆောင်ရွက်နေမှုများနှင့်ပတ်သတ်၍ သက်ဆိုင်ရာတာဝန်ရှိသူ အဆင့်ဆင့်အား တင်ပြပေးစေလိုပါကြောင်း၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအနေဖြင့် သက်ဆိုင်ရာရပ်ကွက်နှင့်ကျေးရွာအုပ်စုအတွင်း ဖြစ်ပေါ်လာသည့် ကိစ္စရပ်များအား အချိန်နှင့်တစ်ပြေးညီ တင်ပြပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် တောင်ယာမီးရှို့ခြင်းကိစ္စရပ်များကို စနစ်တကျဆောင်ရွက်သွားစေလိုကြောင်း ဆွေးနွေးပြောကြားသည်။


ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ လိုအပ်ချက်များအား ရှင်းလင်းတင်ပြရာ တပ်နယ်မှူးကလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ယဉ်ယဉ်ဝင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)