ပွင့်ဖြူမြို့နယ်တွင် ပြည်သူလူထု အသိပညာတိုးပွားစေရေး Online ရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာပေး (Talk Show) ဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်တွင် ပြည်သူလူထု အသိပညာတိုးပွားစေရေး Online ရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာပေး (Talk Show) ဆွေးနွေးပွဲကျင်းပ


MNP ၊  ဧပြီ ၂၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ပြည်သူများ Online စနစ်ဖြင့် လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများ ဝယ်ယူမှုနှင့်ပတ်သက်ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး ယမန်နေ့နံနက် ၉ နာရီခွဲက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာနတွင် Online ရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာပေး  (Talk Show ) ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အသိပညာပေးဆွေးနွေးပွဲတွင်  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထိန်လင်းက စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများနှင့် Online ရောင်းဝယ်မှုဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်ပြီး ပြည်သူလူထုအသိပညာတိုးပွားစေ‌ရန် ရည်ရွယ်၍ အသိပညာပေး(Talk Show) ဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားသည်။


ဆက်လက်၍ ဆွေးနွေးပွဲတွင် ဦးဆောင်ပါဝင်ဆွေးနွေးသည့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန (တာဝန်ခံ) ဒုတိယဦးစီးမှူး ဒေါ်ဌေးဌေးဝင်းက ပြည်သူလူထု အစားအစာဘေးကင်းလုံခြုံစေရန်နှင့် စားသုံးသူကာကွယ်ရေး ဆိုင်ရာလုပ်ငန်းများနှင့် စပ်လျဉ်းပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် Online ရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာပေး လုပ်ငန်းစဉ်များဖြစ်သည့် ကုန်စည်နှင့်ဝန်ဆောင်မှုတွေကို Online မှတစ်ဆင့်ဝယ်ယူရာ၌ နစ်နာဆုံးရှုံးမှု မဖြစ်စေရေး ဆောင်ရွက်ရမည့်အချက်များ၊ လိမ်လည်မှုမခံရစေရေး ကြိုတင်သတိပြုရမည့်အချက်များ၊ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများမှ တရားဝင်ခွင့်ပြုပေးထားသည့်လုပ်ငန်း (Online Shop) ဟုတ်၊ မဟုတ်စိစစ်ခြင်း၊ အများပြည်သူဝယ်ယူသုံးစွဲနေသည့် Online Shop မှန်၊မမှန်စစ်ဆေးခြင်း၊ လုံခြုံစိတ်ချရသော ငွေပေးချေမှုစနစ်ဖြင့် ဆောင်ရွက်နေသည့် Online Shop ဟုတ်၊ မဟုတ် စစ်ဆေးရန်အချက်များနှင့် စားသုံးသူပြည်သူလူထုအတွက် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက အကူအညီရယူ၍ တိုင်ကြားနိုင်သည့်လုပ်ငန်းစဉ်များ စသည့် Online ရောင်းဝယ်မှုဆိုင်ရာ သိကောင်းစရာများကို အသိပညာပေး ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။


ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများ အသိပညာဗဟုသုတ ကြွယ်ဝစေရန် ရည်ရွယ်၍ မြို့နယ်ရုံးလူထုခြေပြုဗဟိုဌာနတွင် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် မြို့နယ် ( Book Club ) အဖွဲ့တို့နှင့် ပူးပေါင်းပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာများ အစရှိသည့် ပြည်သူလူထုသိသင့်သိထိုက်သော သိမှတ်ဖွယ်ရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲများနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲများကို လစဉ် စီစဉ်ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


  လှိုင်ဝင်းလေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)