ပေါင်မြို့နယ်တွင် မြန်မာနှစ်ဆန်းတစ်ရက်နေ့အန္တရာယ်ကင်းစေရန်သံဃာတော်များပရိတ်တရားရွတ်ဖတ်ပူဇော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် မြန်မာနှစ်ဆန်းတစ်ရက်နေ့အန္တရာယ်ကင်းစေရန်သံဃာတော်များပရိတ်တရားရွတ်ဖတ်ပူဇော်





MNP ၊  ဧပြီ ၁၇

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တွင် ၁၃၈၅ ခုနှစ်  မြန်မာနှစ်ဆန်းတစ်ရက်နေ့၌ပြည်သူများအန္တရာယ်ကင်းဝေးစေရန်သံဃာတော်များပရိတ်တရားရွတ်ဖတ်ပူဇော်ခြင်းကို ဝါရီရူခန်းမ၊ မြို့နယ်ရဲတပ်ဖွဲ့ နှင့်ရပ်ကွက်/ကျေးရွာ တို့တွင်  ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်းသိရသည်။


ပရိတ်တရားတော်နာယူရာတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထင်လင်းအောင်၏ဦးဆောင်မှုဖြင့် အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ခြင်းကိုနှစ်စဉ်မဟာသင်္ကြန်အကြိုနေ့မှနှစ်ဆန်း(၁)ရက်နေ့အထိနေ့စဉ်သံဃာတော်များပင့်ဖိတ်၍ရွတ်ဖတ်ပူဇော်သွားခဲ့ကြောင်းသိရသည်။


ပရိတ်တရားတော်နာရာတွင်ကျေးရွာအတွင်းရှိနေအိမ်များမှပရိတ်ရေအိုးများပြုလုပ်၍ပရိတ်ရွတ်သည့်နေရာသို့ပို့ဆောင်ခဲ့ကြသည်။ပရိတ်ရွတ်ပြီးပါကပရိတ်ရေအိုးမှရေများအားအန္တရာယ်ကင်းစေရန်မိမိနေအိမ်အနှံပတ်ဖျန်းခဲ့ကြကြောင်းသိရသည်။


ထိုသို့ပရိတ်တရားတော်နာယူရာတွင်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများနှင့်ရပ်ကွက်/ကျေးရွာများရှိနေရာအနှံအပြားတွင် ရွတ်ဖတ်ပူဇော်ခံယူကြကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)