အမ်းခရိုင် အမ်းမြို့၌ အသက်(၈၅)နှင့်အထက်ဘိုးဘွားများအားသက်ကြီးပူဇော်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းခရိုင် အမ်းမြို့၌ အသက်(၈၅)နှင့်အထက်ဘိုးဘွားများအားသက်ကြီးပူဇော်ပွဲကျင်းပ







MNP ၊  ဧပြီ ၁၇

 ရခိုင်ပြည်နယ်၊အမ်းခရိုင် ၊ အမ်းမြို့၌ အသက်(၈၅)နှစ် အထက်ဘိုးဘွားများအား သက်ကြီးပူဇော်ပွဲအခမ်းအနားကို မြန်မာနှစ်ဆန်းတစ်ရက်နေ့ ယနေ့နံနက် (၉)နာရီအချိန် ရွှေအမ်းတောင်ခန်း မ၌ ကျင်းပသည်။


 အခမ်းအနားတွင် သက်ကြီးအဘိုး အ ဘွားများအား ဩကာသကန်တော့ချိုးဖြင့်ပူဇော်ကန်တော့ကြ ပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ဇော်ထက်နှင့်အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ ၊ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ နှင့် လူမှုရေးအသင်း အဖွဲ့များက အဘိုးအဘွားများသို့တစ်ဦးလျှင် အလှူငွေနှင့်အလှူပ စ္စည်းများအားပေးအပ်လှူ ဒါန်းရာ အဘိုး တစ်ဦးနှင့် အဘွား တစ်ဦးတို့ကဆုတောင်းမေတ္တာပို့သခဲ့ကြသည်။


 ဆက်လက်၍ ခရိုင်၊မြို့နယ် မိခင်နှင့်ကလေး ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ နှင့်အဖွဲ့ဝင်များက အခမ်းအနားသို့ တက်ရောက် လာကြသည့် အဘိုးအဘွားများသို့ လက်သည်း ၊ ခြေသည်းများညှပ်ပေးပြီးကောင်းမှုကုသိုလ်ပြု ကြသည်။


 အမ်းမြို့ပေါ်တွင် အသက်(၈၅)နှင့်အ ထက်အဘိုးအဘွား(၃၀)ဦးအား အလှူငွေများလှူဒါန်းပေးခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment