ကျောက်ဖြူအကျဉ်းထောင်မှ လွတ်ငြိမ်းသက်သာခွင့်ဖြင့် အကျဉ်းသား၊အကျဉ်းသူ(၁၉) ဦးလွှတ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူအကျဉ်းထောင်မှ လွတ်ငြိမ်းသက်သာခွင့်ဖြင့် အကျဉ်းသား၊အကျဉ်းသူ(၁၉) ဦးလွှတ်ပေး





MNP ၊  ဧပြီ ၁၇

ရခိုင်ပြည်နယ်၊ ကျောက်ဖြူအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/အကျဉ်းသူ (၁၉)ဦးအား နိုင်ငံတော်လွတ်ငြိမ်းသက်သာခွင့်အရ လွှတ်ပေးသည့်အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက အဆိုပါ အကျဉ်းထောင်၌ ကျင်းပပြုလုပ်သည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌသည် မြန်မာနှစ်သစ်မင်္ဂလာအခါသမယအထိမ်းအမှတ် အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားခြင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် ၂၈/၂၀၂၃ ဖြင့် အကျဉ်းထောင်/ အချုပ်ထောင်/ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/သူ(၃၀၁၅)ဦး တို့အား ရာဇဝတ်ကျင့်ထုံးဉပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ  နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်း သတ်မှတ်ချက်ဖြင့် ၎င်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုလျှော့ပေါ့၍ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူအကျဉ်းထောင်မှ နိုင်ငံတော်လွတ်ငြိမ်းသက်သာခွင့်အရ အကျဉ်းကျခံနေရသည့် အကျဉ်းသား ၊ အကျဉ်းသူ(၁၉)ဦးတို့အား  ယနေ့ နံနက် ၁၀ နာရီ ၃၀ အချိန်က လွှတ်ပေးလိုက်သည်။ 


နိုင်ငံတော်လွတ်ငြိမ်းသက်သာခွင့်အရ လွှတ်ပေးသည့် အခမ်းအနားတွင် ကျောက်ဖြူခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်နှင့် ခရိုင်ရဲတပ်ဖွဲ့မှူး  ဒုတိယရဲမှူးကြီး နေထွန်းလင်းတို့က လွတ်မြောက် လာသည့် အကျဉ်းသား/သူများကို ဆုံးမဩဝါဒစကားပြောကြားခဲ့သည်။ ထို့နောက် အကျဉ်းဦးစီးဌာန၊ ကျောက်ဖြူအကျဉ်းထောင် တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဦးမှ လွတ်ငြိမ်းချမ်းသာ ခွင့်အရ အကျဉ်းသားများလွှတ်ပေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက လွတ်ငြိမ်းချမ်းသာခွင့်ရရှိသူများအား လွတ်လက်မှတ်၊ စားစရိတ်၊ ခရီးစရိတ်များနှင့် ဆေးထောက်ခံစာများ အား ပေးအပ်ခဲ့ကြောင်း သိရသည်။ 


တင်ထွန်းဦး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)