MNP ၊ ဧပြီ ၆
ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ မောင်တောမြို့၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများ အား စားသောက်ကုန်ပစ္စည်းများ နှင့် သင်္ကြန်ဝတ်စုံများထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီအချိန် အဆိုပါရုံး အစည်း အဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးက စားသောက်ကုန် ပစ္စည်းများ ထောက် ပံ့ပေးအပ်ခြင်း နှင့် ပတ်သတ်၍ ပြောကြားခဲ့သည်။ ထို့သို့ထောက်ပံ့ပေးအပ်ရာတွင် ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာန ရှိ ဝန်ထမ်း(၅၇)ဦး အတွက် ဆီ ၊ ကြက်သွန် ၊ ကြက်ဉ ၊ စုစုပေါင်း အမျိုးအစား (၃)မျိုး နှင့် သင်္ကြန်ဝတ်စုံများအား ခရိုင် စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက ဝန်ထမ်းများ လက်ဝယ်သို့ အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ဝန်ထမ်း များ ကိုယ်စား အမျိုးသမီးဝန်ထမ်းတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်းသိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန်
https://t.me/MyanmarNationalPost




No comments:
Post a Comment