MNP ၊ ဧပြီ ၅
ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့တွင်မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း အစီစဥ်ဖြင့် ရခိုင်ပြည်နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ရသေ့တောင်မြို့မှစားသုံးဆီကိုယ်စားလှယ် ဦးထွန်းမြနှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှမြို့နယ်အုပ်ချုပ်ရေးမှူးဦးနိုင်လင်းထက်နှင့်သက်ဆိုင်ရာတာဝန်ရှိသူများ၊စားသုံးရေးရာဌာနနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှ ယနေ့နံနက် (၉)နာရီအချိန်က တောင်ရင်းတန်းရပ်ကွက်ရှိစေတီတောင်ဘုရားကွင်း၌ စားသုံးဆီများကိုစျေးနှန်းချိုသာစွာဖြင့် စနစ်တကျရောင်းချပေးခဲ့ကြသည်။
ထိုသို့ရောင်းချရာတွင် စားသုံးဆီတစ်ပိဿာလျှင်(၅၂၀၀/)ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် ၁ပိဿာနှုန်းဖြင့်ရောင်းချခဲ့ရာ မြို့ပေါ်ရပ်ကွက် အသီးသီးမှမိဘပြည်သူများက လာရောက်ဝယ်ယူသူများနှင့်စည်ကားလျှက်ရှိကြောင်းသိရှိရသည်။နောက်နေ့များတွင်လည်း ကျန်ရှိသည့်ရပ်ကွက်များတွင်ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စားသုံးဆီကိုယ်စားလှယ် ဦးထွန်းမြထံမှသိရှိရပါသည်။
ထွန်းလင်းကျော်
https://t.me/MyanmarNationalPost




No comments:
Post a Comment