ကျိုက်ထိုမြို့နယ်၌ဈေးရောင်းဈေးဝယ်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုး‌နှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုက်ထိုမြို့နယ်၌ဈေးရောင်းဈေးဝယ်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုး‌နှံပေး





MNP ၊  ဧပြီ ၂၇

     မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ကျိုက်ထိုမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်း ဗီဇပြောင်း အိုမီ ခရွန် ကိုဗစ် (၁၉)ရောဂါ ကူးစက်ပြန့်နှံမှုမဖြစ်ပေါ်စေရန် ဧပြီ ၂၇ ရက် နေ့လည် ၁ နာရီတွင်မြို့နယ် စည်ပင်သာယာပြည်သူ့ဈေး၌ ဈေးရောင်းချနေသူများနှင့်ဈေးလာရောက်ဝယ်ယူသူများအားကာကွယ်ဆေးကိုထိုးနှံပေးခဲ့သည်။


   ယင်းသို့ထိုးနှံပေးရာသို့တစ်ကြိမ်တစ်ခါမျှမထိုးနှံရသေးသောသူများပါဝင်ပြီးတတိယ အကြိမ်နှင့်စတုတ္ထအကြိမ် အဖြစ်လာရောက်ထိုးနှံသူများအားကျန်းမာ‌ရေး ဝန်ထမ်းများကစစ်ဆေးမေးမြန်း၍ ကာကွယ်ဆေးအားထိုးနှံပေးခြင်းဖြစ်သည်။


      ကျိုက်ထိုမြို့နယ်အတွင်းကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု ရာနှုန်းပြည့်လွှမ်းခြုံနိုင်ရေးအတွက်စဉ်ဆက်မပြတ်ဆောင်ရွက်ခြင်းဖြစ်၍မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက SinoPharn ကာကွယ်ဆေးအားအကြောင်းအမျိုးမျိုးကြောင့်လာရောက်မထိုးနိုင်သောဈေးသူဈေးသားများနှင့် ဈေးလာရောက်ဝယ်ယူသူများအား သတ်မှတ်စု

ရပ်နေရာများ၌ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။


ဝင်းမောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)