MNP ၊ ဧပြီ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်သည် ရေခံမြေခံကောင်း၍ စိုက်ပျိုးရေးကို အခြေခံသည့် မြို့တစ်မြို့ဖြစ်သည်နှင့်အညီ ရာသီအလိုက် ဟင်းသီဟင်းရွက်မျိုးစုံကို ကျေးလက်ဒေသများနှင့် မြို့အနီးအနားပတ်ဝန်းကျင်တစ်ဝိုက် ချောင်းဘေးတစ်လျောက် နှုံးမြေခြံများတွင် စိုက်ပျိုး လုပ်ကိုင်ကြရာ ပန်းဂေါ်ဖီစိမ်းအား စီးပွားဖြစ်လုပ်ကိုင်လျက်ရှိသည်။
မောက်မယ်မြို့နယ် ဒေသခံများသည် အိမ်ရှိမြေကွက်လပ်များတွင်လည်းကောင်း၊ ဥယျာဉ်ခြံများတွင်လည်းကောင်း ပြည်သူများမဖြစ်မနေ နေ့စဉ်ဝယ်ယူစားသုံး ကြသော သီးနှံများဖြစ်သည့် ခဝဲသီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ ခရမ်းသီးမျိုးစုံ၊ ပဲမျိုးစုံ၊ မုန်ညင်း၊ ဆလပ်၊ ငရုတ်သီး၊ ဥဖြူ၊ ဥနီ၊ ပန်းမုန်လာ၊ နံနံပင်၊ ရုံးပတီ၊ ပန်းဂေါ်ဖီရိုးရိုး၊ ပန်းဂေါ်ဖီစိမ်းနှင့်အခြား ဟင်းသီးဟင်းရွက်မျိုးစုံကို စိုက်ပျိုးကြရာ ပန်းဂေါ်ဖီစိမ်းမျိုးစေ့များကို ကျဲပြီးမှအပင်ပေါက်များအား ပြန်လည်ခွဲထုတ်၍ စိုက်ပျိုးကြသည်။ အပင်များ အမြန်ရှင်သန်အတွက် နေ့စဉ်ရေလောင်းပေးရပြီး အပွင့်များလှစေရန်နှင့် ပိုးမွားကျရောက်ခြင်း အန္တရာယ်မှ ကာကွယ်ရန်အတွက် သဘာဝမြေသြဇာများကျွေးခြင်း၊ ပိုးသတ်ဆေးများ ပက်ဖြန်းပေးခြင်းဖြင့် စိုက်ပျိုးလျက်ရှိရာ ယခုအခါ ပန်းဂေါ်ဖီစိမ်းများ အရွယ်အစား ပေါ်မူတည်၍ တစ်ပွင့်လျင်(၅၀၀)ကျပ်မှ (၁၀၀၀)ကျပ်အထိ စျေးကောင်းရရှိပြီး ထွက်ရှိသည့်အပွင့်များကို (၅)ရက် တစ်စျေးမြို့နယ် စည်ပင်သာယာစျေးသို့ ကိုယ်တိုင်လာရောက် ရောင်းချကြကြောင်း စိုက်ပျိုးရေးလုပ်ကိုင်သည့် တောင်သူတစ်ဦးထံမှ သိရသည်။
စိုင်းမျိုးသန့်
https://t.me/MyanmarNationalPost
No comments:
Post a Comment