ဂွမြို့နယ်တွင် (၂၅)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် (၂၅)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ







MNP ၊  ဧပြီ ၃

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ပါဠိပထမပြန်စာ​မေးပွဲ၌ အောင်မြင်​တော်မူခဲ့ကြသည် စာ​အောင်သံဃာ​တော်များအား ဆုချီးမြှင့်သည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယ​နေ့နံနက် ၇ နာရီအချိန်က သိမ်ကုန်းစေတီတော်ဝန်းအတွင်းရှိ သာသနာ့ဗိမ္မာန်၌ ကျင်းပပြုလုပ်ခဲ့​ကြသည်။


​ရှေးဦးစွာအခမ်းအနားအား န​မောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်​​တော့၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယက ဆရာတော်ထံမှ  ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ဆက်လက်၍ မြို့နယ် စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်က သာသနာ​ရေးဆိုင်ရာကိစ္စများ​လျှောက်ထားပြီး ပါဠိပထမပြန်စာ​မေးပွဲ၌ စာ​အောင်သံဃာ​တော်များအား မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့်မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များက ​စာအောင်ဆုလက်မှတ်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်း​ခဲ့ကြသည်။ ထို့နောက် လှူဒါန်းမှုအစုစုတို့အတွက် ​ရေစက်သွန်းချအမျှ​ပေး​ဝေခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတုသုံးကြိမ်ရွတ်ဆိုကာ အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။


ယ​နေ့ကျင်းပပြုလုပ်သည့် စူဠဘွဲ့နှင်းသဘင် အခမ်းအနားတွင် အစိုးရပါဠိပထမပြန်စာ​မေးပွဲ၌ အ​ခြေပြုမူလတန်း(၅)ပါး၊ ပထမလတ်တန်း(၁)ပါး၊  စုစု​ပေါင်းစာအောင်သံဃာ​တော် (၆)ပါးနှင့် မြို့နယ်အဆင့်စာအောင်သံဃာတော်(၁၁)ပါးရှိ​ကြောင်းသိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)