MNP - ဧပြီ ၃
ချဲလ်ဆီးအသင်းဟာ အင်္ဂလန်လူမျိုးနည်းပြချုပ် ဂရေဟမ်ပေါ်တာကို ထုတ်ပယ်ခဲ့ပြီးဖြစ်ကြောင်း ယမန့်နေ့ညက တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။ဂရေဟမ်ပေါ်တာဟာ ချဲလ်ဆီးနည်းပြအဖြစ် ပြိုင်ပွဲစုံပွဲပေါင်း ၃၂ပွဲ ကိုင်တွယ်ခဲ့ပြီး၊ ၁၂ ပွဲ နိင်၊ ၈ ပွဲသရေ၊ ၁၂ ပွဲရှုံးထားပြီး အဆင့် ၁၁နေရာမှာသာ ရပ်တည်နေခဲ့တာ ဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းဘက်က တရားဝင် ထုတ်ပြန်ချက်တွင်“ချဲလ်ဆီးအသင်းအနေနဲ့ သူ့ရဲ့ကြိုးစားအားထုတ်မှုတွေနဲ့ ပံ့ပိုးကူညီမှုတွေအတွက် ဂရေဟမ်ကို ကျေးဇူးတင်ပြီး အနာဂတ်မှာ နေကောင်းပါစေလို့ ဆုမွန်ကောင်းတောင်းချင်ပါတယ်"ဟု ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းရဲ့ လက်ကျန်ပရီးယားလိဂ်ပွဲစဉ် ၁၀ အပါအဝင်၊ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်အားလုံးကို စပိန်လူမျိုးနည်းပြ ဘရူနိုဆယ်လ်တာက ယာယီနည်းပြချုပ်အဖြစ် ကိုင်တွယ်သွားမှာ ဖြစ်ကြောင်း သိရသည်။
souce - Fabrizio Romano
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment