MNP ၊ ဧပြီ ၃
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ စည်ပင်သာယာနယ်နိမိတ်အတွင်း ယာဉ်ကြောကြပ်တည်းမှုကို ဖြေရှင်းနိုင်ရန်၊ ယာဉ်အသုံးပြုသွားလာနေသူများ လမ်းသွား လမ်းလာပြည်သူများ စိတ်ချမ်းမြေ့စွာ သွားလာနိုင်စေရန်နှင့် ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲနိုင်ရန် ရည်ရွယ်၍ မြို့နယ်တစ်လမ်းမောင်းစနစ်ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးခြင်းကို ယနေ့ နံနက်(၇)နာရီက ဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေးနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြို့နယ်စည်ပင်သာယာရေးစျေးကြီးအဝင်လမ်းဖြစ်သည့် ဗိုလ်ချင်းပျံလမ်း၊ ရွှေပန်းထိမ်လမ်း၊ဗိုလ်ချင်းပျံလမ်းသွယ်၊ အဏ္ဏဝါသီရိလမ်း၊ ပြန်/ဆက်ရုံးလမ်းကြားနှင့် စောပြည့်ညိုလမ်းတို့တွင် တစ်လမ်းမောင်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်မှု အောင်မြင်စွာဆောင်ရွက်နိုင်မှုအတွက် စစ်ဆေးကြပ်မတ်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
အဆိုပါ တစ်လမ်းမောင်းစနစ်ဆောင်ရွက်ရခြင်းမှာ စည်းကမ်းမဲ့ယာဉ်များ မောင်းနှင်ခြင်းကြောင့် မလိုလားအပ်သောပြဿနာများ မပေါ်ပေါက်စေရန်အတွက် ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ခြင်းဖြစ်ပြီး၊ အပတ်စဉ် (တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ) နေ့ရက်များတွင် ကြီးကြပ်ရေးကော်မတီဝင် ဌာနဆိုင်ရာများမှ ပြည်သူများအား အသိပညာပေးခြင်း လုပ်ငန်းများကို သတ်မှတ်ကာလတစ်ခုအထိ ဆောင်ရွက်သွားမည်ဖြစ်ကာ၊ ပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက လိုက်နာမှုမရှိသူများအား ဒဏ်ကြေးငွေပေးဆောင်စေခြင်းစသည့် လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment