သာပေါင်းမြို့နယ်၊ လှေကြီးတတ်ကျေးရွာအုပ်စု၌ တောဆင်နင်းခံရပြီး လယ်ယာလုပ်သူတစ်ဦး သေဆုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ်၊ လှေကြီးတတ်ကျေးရွာအုပ်စု၌ တောဆင်နင်းခံရပြီး လယ်ယာလုပ်သူတစ်ဦး သေဆုံး


MNP ၊  ဧပြီ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ လှေကြီး တတ်ကျေးရွာအုပ်စု၊ တပ်ကုန်း ကျေးရွာ၌ ဧပြီလ ၁ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်က တောဆင်နင်းခံရပြီး လယ်ယာလုပ် သူတစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့သည်။


ဖြစ်စဉ်မှာ လှေကြီးတက်ကျေးရွာအုပ်စု၊ တပ်ကုန်းကျေးရွာ(ဒေသအခေါ် )ဗူးခုံတွင် နေထိုင်သည့် ဦးကြည်လွင်(၅၆) နှစ် လယ်ယာလုပ်သူသည် ဒေသအခေါ် ရှောက်ချောင်း(ချောင်း)အတွင်းသို့ တစ်ဦးတည်း ရေချိုးသွားစဉ် တောဆင်(၅)ကောင်ခန့်နှင့်အမှတ်မထင်ရင်ဆိုင်တွေ့ရှိပြီး ထွက်ပြေးရာ မလွတ်ဘဲ နင်းခြေသတ်ဖြတ်ခြင်းသွားကြောင်း သတင်းရသဖြင့် ဧပြီလ ၂ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်က မြို့မရဲစခန်း(သာပေါင်း)မှ ဒုရဲအုပ် အောင်ကိုကိုနှင့်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာန၊ တောအုပ်မျိုးမင်းလတ်နှင့် ဝန်ထမ်းများ၊ သစ်တောရဲတပ်ဖွဲ့ခွဲ၊ ရဲတပ်ကြပ်ကြီး နေထွန်းလွင်နှင့်တပ်ဖွဲ့ဝင်များ၊ ခြေမြန်တပ်ရင်း(၃၀၈)မှ ဒုအရာခံဗိုလ်တင်အောင်၊ ကျေးရွာအုပ်ချုပ်ရေးမှူးဦးလေးမောင်နှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့ ပူးပေါင်းအဖွဲ့မှ သွားရောက် ကြည့်ရှု စစ်ဆေးရာ(ဒေသအခေါ်)ဗူးခုံ၊ ရှောက်ချောင်းတွင် ဦးခေါင်းမှာအရှေ့ဘက်သို့ မှောက်လျက်အနေအထားဖြင့် ဦးခေါင်းကျေ၊ ဗိုက်ပွင့်ထွက်၊ ခြေထောက်များကျေ၊ ခါးကျေ၊ ပေါင်ပြတ်ထွက် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရပြီး ဂရုဏာရှင် လူမှုကူညီရေးအသင်း မော်တော်ယာဉ်ဖြင့် သယ်ယူပြီး သာပေါင်းမြို့နယ်ပြည်သူ့ဆေး ပို့ဆောင်ပြီး သေမှုသေခင်းဖွင့်လှစ်ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်းသိရသည်။


မျိုးဇော်သိန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)