ပေါင်မြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကိုစည်ကားသိုက်မြိုက်စွာကျင်းပသွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကိုစည်ကားသိုက်မြိုက်စွာကျင်းပသွားမည်




MNP ၊  ဧပြီ ၈

၁၃၈၄ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ပေါင်မြို့နယ်တွင် ဗဟိုရေကစားမဏ္ဍပ်(၁)ခုနှင့် အုန်းလက်ရေကစားမဏ္ဍပ်ငယ်တို့ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဖျော်ဖြေရေးအစီအစဉ်များနှင့်စတုဒီသာကျွေးမွေးမှုများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သွားမည် ဖြစ် ကြောင်းသိရသည်။


ပေါင်မြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ဗဟိုရေကစားမဏ္ဍပ်က (၁)ခု နှင့် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာများမှာ အုန်းလက်ရေကစားမဏ္ဍပ်ငယ်တို့နဲ့ ဆင်နွှဲသွား မှာဖြစ်ပါ‌ကြောင်း၊ ဖျော်ဖြေရေးအစီအစဉ်အနေနဲ့ကတော့ ဗဟိုရေကစားမဏ္ဍပ်မှာ  ယိမ်းအဖွဲ့(၁၇)ဖွဲ့က ကပြဖျော်ဖြေပေးသွားမှာဖြစ်ပြီး တေးဂီတဖျော် ဖြေပွဲလည်း နေ့စဉ်ဖျော်ဖြေသွားမည်ဖြစ်ပါကြောင်း ရေကစားမဏ္ဍပ်မှာ လာရောက်ပြီး ရေကစား ကကြသူတွေအတွက်ကိုလည်း စတုဒီသာများ နှင့်ဧည့်ခံကျွေးမွေးသွားမှာဖြစ်ပါကြောင်းသိရသည်။


ထို့အပြင် နှစ်ဆန်းတစ်ရက်နေ့တွင်လည်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ မြို့နယ်အတွင်း အန္တရာယ်ပရိတ်တရားတော်မြတ်ရွတ်ဖတ်ပူဇော်ပွဲများသွားမည်ဖြစ်သည်။ သင်္ကြန်ကာလ စည်ကားသိုက်မြိုက်စွာ ကျင်းပြုလုပ်နိုင်ရေးအတွက်လည်း ရေကစားမဏ္ဍပ်များကိုမြို့နယ်အတွင်း တည် ဆောက်လျက်ရှိပြီး တည်ဆောက်ပြီးစီးမှုအခြေအနေများ ကိုလည်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူများကစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)