ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်


MNP ၊  ဧပြီ ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူ ကျောင်းသား/သူများ ပူးပေါင်း၍  သုတပဒေသာနှင့်လူငယ်ရေးရာစာစောင် အတွဲ(၄၉)၊အမှတ် (၅)တွင်ပါဝင်သော စာရေးဆရာ နေညိုယဥ် ရေးသားထားသည့် "ပူးပေါင်းဆောင်ရွက်တတ်သောပညာ" ခေါင်းစဥ်ဖြင့် စာဖတ်ဝိုင်းကို ဧပြီလ ၄ ရက် မွန်းလွှဲ ၁ နာရီအချိန်က  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းရည်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊  စာပေမှရရှိသည့် ဗဟုသုတများကို အပြန်အလှန် ဆွေးနွေးစေရေးအတွက် စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။


ထို့နောက် စာဖတ်ဝိုင်းတွင် မမြသွန်းခင်ခင်က "လူသည် တစ်ဦးတည်းနေထိုင်၍ မရကြောင်း၊ အများနှင့်လိုက်လျောညီထွေနေထိုင်တတ်ရမည်ဖြစ်ကြောင်းနှင့် အနာဂတ်ခေါင်းဆောင်များဖြစ်လာမည့် ကလေးသူငယ်များကို ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုရရှိပုံများ" အကြောင်းကိုလည်းကောင်း၊ မောင်နိုင်လင်းက "ပူးပေါင်းဆောင်ရွက်ခြင်း သင်ခန်းစာဟာ တန်ဖိုးကြီးလှကြောင်း၊ လူတွေဟာ အထီးတည်းနေလို့မရကြောင်း၊ စုပေါင်းနေရကြောင်း" ကိုလည်းကောင်း အသီးသီး ဖတ်ကြားခဲ့ကြပြီး တက်ရောက်လာကြသော ကျောင်းသား/သူများကလည်း  အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။


အဆိုပါစာဖတ်ဝိုင်းကို ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ရှိန် မြှင့်မားစေရေးအတွက် စာပေချစ်သူများနှင့် လစဉ်စာဖတ်ဝိုင်းဆွေးနွေးပွဲများကို ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


မိုင်းထွန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)