ရွှေတောင်မြို့နယ်တွင် မိုးသည်း ထန်စွာရွာသွန်းပြီးရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့်လူနေအိမ် ( ၆)လုံးပြိုကျခဲ့ပြီး လူနေအိမ် ( ၄၈) အိမ် ၊အမှတ် ( ၁) အထည်စက်ရုံ ပိုင်ဂိုဒေါင် ( ၁) လုံးအမိုးလန် ပျက်စီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် မိုးသည်း ထန်စွာရွာသွန်းပြီးရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့်လူနေအိမ် ( ၆)လုံးပြိုကျခဲ့ပြီး လူနေအိမ် ( ၄၈) အိမ် ၊အမှတ် ( ၁) အထည်စက်ရုံ ပိုင်ဂိုဒေါင် ( ၁) လုံးအမိုးလန် ပျက်စီး




MNP ၊  ဧပြီ ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ယမန်နေ့ ညနေ ( ၆း ၁၅) နာရီအချိန်ခန့်ကရုတ်တရက်လေပြင်းတိုက်ခိုက်ပြီး မိုးရွာသွန်းမှုကြောင့် ရွှေတောင်မြို့နယ်အတွင်း သရက်တောရပ်ကွက် ၊ကျီးသဲကျေးရွာအုပ်စု၊သာစီကုန်းကျေးရွာအုပ်စု၊ဆည်ကြီးကုန်းကျေးရွာအုပ်စု၊မြို့မကျေးရွာအုပ်စု၊ဒုရင်ဒုဘိုကျေးရွာအုပ်စု၊နွားခြံကုန်းကျေးရွာအုပ်စု၊သရက်သုံးပင်ကျေးရွာအုပ်စုတို့တွင်လူနေအိမ် ( ၆)လုံးပြိုကျခဲ့ပြီး လူနေအိမ် ( ၄၈) အိမ် ၊ကြာနီကန်ရပ်ကွက်၊ ရန်ကုန်-ပြည်ကားလမ်းရှိ အမှတ် ( ၁) အထည်စက်ရုံ ပိုင်ဂိုဒေါင် ( ၁) လုံးအမိုးလန် ပျက်စီးခဲ့ကြောင်းသိရသည်။ 


              အဆိုပါ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ် ( ၆)လုံးပြိုကျခဲ့ပြီး လူနေအိမ် ( ၄၈) အိမ်၊ အမှတ် ( ၁) အထည်စက်ရုံ ပိုင်ဂိုဒေါင် ( ၁) လုံးပျက်စီးခဲ့ရာ  စုစုပေါင်းခန့်မှန်းတန်ဖိုးမှာ (၅၀၁၄၇၀၀)  ကျပ်ရှိပြီး လေဘေးသင့်၍နေအိမ်ပြိုကျ၊အမိုးလန်ခဲ့သည့် လူနေအိမ်များရှိ မိသားစုများအား ယာယီနေထိုင်နိုင်ရေး၊အမြန်ဆုံးပြုပြင်နိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟံဝင်းအောင် ၏ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးမှ လိုအပ်သည်များ ကူညီ ဆောင်ရွက် ပေးလျှက် ရှိကြောင်းနှင့် လူနှင့်တိရစ္ဆာန်များ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာများမရှိကြောင်းသိရသည်။


ကိုကို မင်း

 https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)