တာမွေမြို့နယ်တွင် ၁၃၈၅-ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့၌ စတုဒီသာကျွေးမွေး လှူဒါန်းကြသူများ ယခင်နှစ်များထက် ပိုမိုများပြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်တွင် ၁၃၈၅-ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့၌ စတုဒီသာကျွေးမွေး လှူဒါန်းကြသူများ ယခင်နှစ်များထက် ပိုမိုများပြား





MNP ၊  ဧပြီ  ၁၈

၂၀၂၃-ခုနှစ် ဧပြီလ(၁၇)ရက်နေ့တွင် ကျရောက်သည့် မြန်မာသက္ကရာဇ် ၁၃၈၅-ခုနှစ်၊ မြန်မာနှစ်ဆန်း တစ်ရက်နေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ နံနက်ပိုင်းအချိန်မှစတင် ကာ ရန်ကုန်မြို့ တာမွေမြို့နယ်အတွင်းရှိ ဘုရားစေတီပုထိုးများ၌ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူ များ၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ကပ်လှူ၍ ကုသိုလ်ပြုကြသူများ၊ ဥပုဒ်သီလ စောင့်တည်သူများဖြင့် အထူးပင် စည်ကား လျက်ရှိသလို မြို့နယ်အတွင်း စတုဒီသာ ကျွေးမွေးလှူဒါန်းကြသူများလည်း ယခင်နှစ်များထက် ပိုမိုများပြားလာ ကြောင်း သိရသည်။

“ နှစ်စဉ် နှစ်ဆန်းတစ်ရက်နေ့ရောက်တိုင်း ကိုယ်တတ်နိုင်တာလေးတွေကို မပျက်မကွက် လှူဒါန်း လာတာ ဒီတစ်နှစ်နဲ့ဆို (၁၀)နှစ်ရှိပါပြီ။ ကိုယ့်လိုပဲ တခြားသူတွေကိုလည်း အစစအရာရာ အဆင်ပြေစေချင်တဲ့ အတွက် ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ကူညီတာပါ။ အားလုံးပဲ ဒီနေ့ နှစ်ဆန်းတစ်ရက်နေ့ကစလို့ တစ်နှစ်ပတ်လုံး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာစွာနဲ့  နေထိုင်ပြီး လိုအင်ဆန္ဒဟူသမျှ ပြည့်ဝကြပါစေလို့ ဒီနေရာကနေ ဆုတောင်း လိုက်ရပါတယ် ” ဟု စတုဒီသာ ကျွေးမွေးလှူဒါန်းသူ အလှူရှင်တစ်ဦးကဆိုသည်။ 


မြန်မာနှစ်ဆန်းတစ်ရက်နေ့သည် မြန်မာတိုင်းရင်းသားလူမျိုးများ၏ အထွဋ်အမြတ်ထားရာ နေ့ထူး နေ့မြတ်ဖြစ်သည်နှင့်အညီ အဆိုပါ နှစ်ဆန်းတစ်ရက်နေ့တွင် ဗုဒ္ဓဘာသာဝင် မြန်မာတိုင်းရင်းသားလူမျိုးများသည် ဘုရားစေတီပုထိုးများတွင် ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးနှင့် အမွှေးနံ့သာများ ကပ်လှူပူဇော်ခြင်း၊ ဥပုဒ်သီလ စောင့်တည်ကြခြင်း၊ ဇီဝိတဒါနအဖြစ်  ငါးလွှတ်ခြင်း၊ ငှက်လွှတ်ခြင်းများ ပြုလုပ်၍ ကုသိုလ်ယူခြင်း၊ မြို့နယ် အသီးသီးတွင် ရပ်ကွက်များ ၊ လမ်းများအလိုက် အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်ခြင်း၊ သက်ကြီးဘိုးဘွား များအား ခေါင်းလျှော်ပေးခြင်း၊ ခြေသည်း၊ လက်သည်း ညှပ်ပေးခြင်းနှင့် ပူဇော်ကန်တော့ပွဲများ ပြုလုပ်ခြင်းအပြင် လူမျိုးဘာသာမရွေး၊ အရွယ်သုံးပါးမရွေး စတုဒီသာအလှူ ကျွေးမွေးလှူဒါန်းစွန့်ကြဲပေးကမ်းမှုများကို ပြုလုပ် ဆောင်ရွက်လေ့ရှိပြီး ယခုနှစ်တွင် တာမွေမြို့နယ်အတွင်း စတုဒီသာ ကျွေးမွေးလှူဒါန်းကြသူများလည်း ယခင်နှစ် များထက် ပိုမိုများပြားလာကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)