၁၃၈၅-ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများ၌ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားများပြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၁၃၈၅-ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများ၌ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားများပြား





MNP ၊  ဧပြီ ၁၇

ယနေ့တွင် ကျရောက်သည့် မြန်မာသက္ကရာဇ် ၁၃၈၅-ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့သည် ဗုဒ္ဓ ဘာသာဝင် မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ ယနေ့နံနက်ပိုင်းအချိန်မှစတင်ကာ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများ၌ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ကပ်လှူ၍ ကုသိုလ်ပြုကြသူများ၊ ဥပုဒ်သီလ စောင့်တည်သူများဖြင့် အထူးပင်စည်ကားလျက်ရှိကြောင်း သိရသည်။

“ ဒီရွှေတိဂုံစေတီတော်မြတ်ကြီးကို လာရောက်ဖူးမြော်တာ ဒါနဲ့ဆို (၇)ကြိမ်မြောက်ရှိပါပြီ။ ဒီနေ့ အလုပ် ကလည်း ပိတ်ထားတော့ သူငယ်ချင်းတွေနဲ့ ကားစုငှားပြီး ဒီစေတီတော်မြတ်ကြီးကို လာရောက်ဖူးမြော်ဖြစ်တာပါ။ နောင်အကြိမ်ပေါင်းများစွာလည်း အခုလိုပဲ လာရောက်ဖူးမြော်ချင်ပါသေးတယ် ” ဟု ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်မှ ဘုရားဖူးလာပြည်သူတစ်ဦးကဆိုသည်။


မြန်မာသက္ကရာဇ် ၁၃၈၅-ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများအား အများပြည်သူဖူး‌မြော်ကြည်ညိုနိုင်ရေးအတွက် ဖွင့်လှစ်ပေးထားပြီး ကျန်ရက်များတွင်လည်း စနေ၊ တနင်္ဂနွေနေ့နှင့် နေ့ထူးနေ့မြတ် အစိုးရရုံးပိတ်ရက်များ၌ နေ့စဉ် နံနက်(၅)နာရီခွဲမှ ည(၈)နာရီအချိန်အထိ ဖွင့်လှစ်ပေးထားလျက်ရှိရာ မည်သူမဆို စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်၍ ကုသိုလ်ယူနိုင်ကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)