MNP ၊ ဧပြီ ၁၇
မာန်အောင်မြို့တွင် အန္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲကို ၁၃၈၅ခုနှစ်၊မြန်မာနှစ်ဆန်း(၁)ရက်ယနေ့ညနေ၄နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ရုံအစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ပင့်သံဃာတော်(၉)ပါးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဖူးမျှော်ကန်တော့ကြပြီး မဟာဓမ္မိကာရုံကျောင်းဆရာတော် အမှူးပြုသော သံဃာတော်များနှင့် မြို့မကျောင်းကြီး အမှူးပြုသောသံဃာတော်များက အန္တရာယ်ကင်း ပရိတ်တရားတော်များကို ချီးမြှင့်ခဲ့ကြသည်။
ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများက သံဃာတော်အရှင်သူမြတ်တို့အား နဝကမ္မ အလှူငွေများကို ဆက်ကပ်လှူဒါန်းကြပြီး လှူဖွယ်ဝတ္တုများအား ရေစက်သွန်းချ အမျှပေးဝေခဲ့
ကြသည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများလိုက်ပါလျက်သံဃာတော်အရှင်သူမြတ်များသည် မော်တော်ယာဥ်ဖြင့် မြို့တစ်ပတ်လှည့်လည်၍ အန္တရာယ်ကင်းပရိတ်တရားတော်များကိုရွတ်ဖတ် သရဇ္စျယ်ခဲ့ကြောင်းသိရသည်။
ဦးသိန်းဖေ
https://t.me/MyanmarNationalPost
No comments:
Post a Comment