MNP ၊ ဧပြီ ၁၇
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ ၁၃၈၅ ခုနှစ်၊ နှစ်သစ်အခါသမယနှစ်ဆန်းတစ်ရက်နေ့သည် မြန်မာတို့၏ အထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဖြစ်သည်နှင့်အညီ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းကို မြို့ပေါ် ရပ်ကွက်များတွင် ယနေ့ ညနေ ၅နာရီ က ဆောင်ရွက်ကြောင်းသိရသည်။
ပေါက်တောမြို့ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များမှ ဆရာတော်အရှင်သူမြတ်များမှ မြို့ပေါ်ရပ်ကွက်အသီးသီးတွင် ဘေးအန္တရာယ်များကင်းရှင်းကြစေရန် ရတနသုတ်တော်၊မေတ္တာသုတ်၊ကမ္မဝါစာများဖြင့် ရွတ်ဖတ်ပြီး မြို့တွင်းအန္တရာယ်ကင်းရှင်းစေရေး ပရိတ်ရေများပက်ဖြန်းခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment