ပေါက်တောမြို့၌ စတုတ္ထအကြိမ်မြောက် မြို့လုံးကျွတ် သက်ကြီးပူဇော်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့၌ စတုတ္ထအကြိမ်မြောက် မြို့လုံးကျွတ် သက်ကြီးပူဇော်ပွဲကျင်းပ






MNP ၊  ဧပြီ ၁၇

   ရခိုင်ပြည်နယ်၊ ပေါက်တောမြို့တွင်မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နှစ်ဆန်း(၁)ရက်နေ့၌ ပေါက်တောမြို့နယ်လုံးဆိုင်ရာ နာရေးကူညီမှုအသင်းမှကြီးမှူး၍ စတုတ္ထအကြိမ်မြောက် သက်ကြီးပူဇော်ပွဲကို ယနေ့ညနေ (၃)နာရီအချိန်က နာရေးကူညီမှုအသင်းရုံး ခြံဝင်းအတွင်း၌ ပြုလုပ် ကျင်းပခဲ့သည်။


   အဆိုပါမြို့လုံးကျွတ် သက်ကြီးပူဇော်ပွဲအခမ်းအနားသို့ အပူဇော်ခံ သက်ကြီးအဘိုး/အဘွားများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့် အဖွဲ့ဝင်များ၊မြို့နယ်ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်ကလေးအဖွဲ့ဝင်များ၊ မြို့နယ်လူမှုရေးအသင်းအဖွဲ့များ၊  မြို့ပေါ်(၅)ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများ၊ မြို့ဖိ မြို့ဖများနှင့် မြို့ပေါ်ရပ်ကွက်အသီးသီးတို့မှ စေတနာရှင် အလှူရှင်များတက်ရောက်ခဲ့ကြသည်။ 


ရှေးဦးစွာ အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆိုခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးရွှေဘော်သူမှ ကျေးဇူးတင်စကားပြောကြားခြင်း၊  မြို့နယ်လုံးဆိုင်ရာနာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးလှရွှေမှ ကျေးဇူးတင်စကားပြောကြားခြင်း၊ မြို့နယ်လုံးဆိုင်ရာနာရေးကူညီမှုအသင်း အတွင်းရေးမှူး ဦးစောလှမောင်မှ သက်ကြီးပူဇော်ပွဲဖြစ်ပေါ်လာရခြင်းနှင့် ရှင်းလင်းပြောကြားပြီးနောက် မြို့ပေါ်(၅)ရပ်ကွက်မှ အဘိုး/အဘွားတို့အား စေတနာရှင်များမှလှူဒါန်းသည့် လှူဒါန်းငွေများနှင့် ဝတ္ထုပစ္စည်းများဖြင့် လှူဒါန်းကန်တော့ကြပြီးနောက်၊ မတက်ရောက်နိုင်သောအဘိုး/အဘွားများအတွက်လည်း အိမ်တိုင်ရာရောက် လှူဒါန်းပေးခဲ့ကြောင်းသိရသည်။ ပေါက်တောမြို့တွင်  အသက်(၁၀၀)နှစ်အဘွားတစ်ဦးကိုအလှူငွေကျပ် ၇၀၀၀၀/-၊ အသက်(၉၁)နှစ်မှ (၉၉)နှစ်အထိ အဘိုး/ အဘွား(၁၀)ဦးတို့ကို အလှူငွေကျပ် ၆၀၀၀၀/- နှင့် အသက်(၈၅)နှစ်မှ (၉၉)နှစ်အထိအဘိုး/အဘွား (၄၈)ဦးတို့ကို အလှူငွေကျပ် ၅၀၀၀၀/-စုစုပေါင်း (၅၉)ဦးတို့ကို အလှူငွေနှင့်အတူ လှူဖွယ်ဝတ္ထုပစ္စည်းများဖြင့် ပူဇော်ကန်တော့ခဲ့ကြသည်။ ဆက်လက်၍ တက်ရောက်လာကြသော သက်ကြီးဘိုးဘွားများထဲမှ ကံထူးရှင်(၃)ဦးကို ရွေးချယ်လျက် တစ်ဦးလျှင် အလှူငွေကျပ် ၃၀၀၀၀-/စီကို ထပ်မံလှူဒါန်းခဲ့ကြပြီးနောက် ကန်တော့ချိုးရွတ်ဆို၍ ကန်တော့ခဲ့ကြသည်။ တက်ရောက်ကြသည့် အပူဇော်ခံ သက်ကြီးဘိုးဘွားများကိုယ်စား အဘိုးတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားကာ ဆုတောင်းမေတ္တာပို့သခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စီရံတိဌာတု(၃)ကြိမ်ရွတ်ဆိုကာ ရုတ်သိမ်းခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost





No comments:

Post a Comment