ကျိန္တလီမြို့ လယ်တီဘုန်းတော်ကြီးကျောင်း၌ နှစ်ဆန်းတစ်ရက်နေ့တွင် ဘုရားရေသပ္ပာယ်ရန် လာရောက်သူများနှင့် စည်ကားလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိန္တလီမြို့ လယ်တီဘုန်းတော်ကြီးကျောင်း၌ နှစ်ဆန်းတစ်ရက်နေ့တွင် ဘုရားရေသပ္ပာယ်ရန် လာရောက်သူများနှင့် စည်ကားလျက်ရှိ





MNP ၊  ဧပြီ ၁၇

    ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ ၁၃၈၅ခုနှစ်၊ နှစ်ဆန်း ၁ ရက်နေ့တွင် လယ်တီဘုန်းတော်ကြီးကျောင်းရှိ စေတီတော်ကြီးနှင့် ဆင်းတုတော်များအား ရေသပ္ပာယ်ခြင်း၊ ဆီမီးပူဇော်ခြင်း၊ နံ့သာရေပက်ဖျန်းခြင်းစသည်တို့ကို ယနေ့ ညနေပိုင်းက ပြုလုပ်ခဲ့သည်။


    ​ရှေ့ဦးစွာ ဘုရားရေသပ္ပာယ်ရန် ရောက်ရှိလာကြသော ကျိန္တလီမြို့အတွင်းရှိပြည်သူများ၊ သီလရှင် ဆရာလေးများ၊ လူငယ်မောင်မယ်လေးများက ကျိန္တလီမြို့ လယ်တီဆရာတော်ကြီးထံမှ ငါးပါးသီလခံယူခဲ့ကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ငွေပဒေသာပင်များကိုပါ ဆရာတော်ကြီးအား ဆက်ကပ် လှူဒါန်းခဲ့ကြသည်။ ထို့နောက် ဘုရားရေသပ္ပာယ်ရန် ယူဆောင်လာသည့် ပရိတ်ရေအိုးများ၊ အမွှေးနံ့သာရေများ၊ ရေပုံးများ၊ ရေသန့်ဘူးများ၊ ပန်းဆီမီးများကို ကိုယ်စီကိုယ်ငှ ကိုင်ဆောင်ကာ စေတီတော်ကြီးနှင့် ဆင်းတုတော်များအား ရေသပ္ပာယ်ခြင်း၊ ပန်းဆီမီးပူဇော်ခြင်း၊ နံ့သာရေပက်ဖျန်းပူဇော်ခြင်းတို့ကို ပြုလုပ်ခဲ့ကြပြီး နောက်ဘုရားရေသပ္ပာယ်ရန် ရောက်ရှိလာသူများအား အလှူရှင်များက အချိုရည်ဖြင့်ဧည့်ခံ့ခဲ့ကြောင်း သိရသည်။   


ဇော်လင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment